မင်္ဂလာရှိသော နံနက်ခင်းလေးပါ

ဘယ်သူ့ အောင်မြင်မှုကိုမှ
ခလုတ်မတိုက်ပဲ
ကိုယ့်ယုံကြည်မှုနဲ့ ရှင်သန်ပါ ။

တစ်ယောက်နှင့်တစ်ယောက်
ပါရမီချင်း မတူဘူးဆိုတာသိရင်
ဘယ်သူကိုမှ မနာလိုမဖြစ်ပါနဲ့ ။

သူများသဘောထားသေးလည်း
ကိုယ်သဘောထားကြီးပေးပါ ။

သူများက ခလုတ်လာတိုက်လည်း
ပညာသားပါပါ ရှောင်လိုက်ပါ ။

စိတ်ဓါတ်ညံ့သူတွေအတွက်နဲ့
ကိုယ့်ဘ၀ ဘေးမထွက်ပါစေနဲ့ ။

လူတိုင်းတော့
ကိုယ်လိုမဟုတ်ပေမယ့်လည်း

ကိုယ်ကတော့ လူတိုင်းကို
စေတနာမေတ္တာ အပြည့်ထားပါ ။

ဖြူစင်ရိုးသားသူဟာ
ဘယ်တော့မှ မရှုံးနိမ့်နိုင်တဲ့အတွက်
ကိုယ့်လိပ်ပြာသန့်ဖို့ပဲ ကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏