မင်္ဂလာနံနက်ခင်းပါ

အေးချမ်းခြင်းနောက်ကိုလိုက်တဲ့အခါ
အခြံအရံလည်းမလိုသလို
အာဏာပါဝါတွေလည်း မလိုပါဘူး ။

အရှိတရားတွေရဲ့အပေါ်မှာ
အသိသတိလေး ရှိနေပေးရုံပါပဲ ။

အရှိန်အဝါတွေ ဆိုတာဟာ
ကာမဂုဏ်ရဲ့ ဆက်နွယ်မှုတွေမို့
ပူလောင်မှုတွေ ဟပ်ခံရနိုင်ပါတယ် ။

တစ်ယောက်ထဲဖြစ်နေလို့လည်း
ဘာမှ အားငယ်မနေပါနဲ့ ။

အသိချမ်းသာလေး ရှိမယ်ဆိုရင်
အရာရာ အဆင်ပြေနိုင်ပါတယ် ။

အပေါ်ယံ အရှိတွေဆိုတာ
မဟုတ်လည်း ထားခဲ့ရမှာဖြစ်လို့
ဘာကိုမှ စွဲလန်းမထားသင့်ပါဘူး ။

နေ၀င်ခါ နီးလေလေ
ခွဲခွာဖို့ နီးလေလေဖြစ်တာမို့
ဘ၀ကိုအခွဲတတ်အောင်ပြင်ထားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏