မင်းတုန်းမြို့နယ်တိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀ ခန့် သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဩဂုတ် ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် မင်းတုန်းမြို့နယ်၊ ကြို့ဝကျေးရွာမှ ရွာသစ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၇၀ ခန့်ပါ ရှေ့ပြေး စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်ခိုက်ခဲ့ရာ ၂ နာရီမိနစ် ၄၀ ခန့်အကြာ အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်သည့် မိုင်းထိခြင်း၊ လက်နက် ကြီး၊ လက်နက်ငယ်ထိမှန်ခြင်းတို့အပြင် နောက်ချန်အင်အားမှ ပစ်ကူပေးသော လက်နက်ကြီးမှာ စစ်သားများပေါ်သို့ တည့်တည့်ကျ ရောက်ပေါက်ကွဲပြီး စစ်သားအများအပြားသေဆုံးခဲ့ကြောင်း သိရသည်။ သူတို့ဘက်က သေဆုံးတာတော့ တိုက်ပွဲအတွင်းမှာ ၁၅ ယောက် လောက် ကတော့ မြင်ခဲ့တယ်၊ ကျနော်တို့ခန်းမှန်းကတော့ အစိတ် ၃၀ ကတော့သေချာတယ်၊ အရပ် သားပြည်သူတွေရဲ့ သတင်းပေးချက်အရတော့ ၅၀ နီးနီးလောက် သေတယ်လို့ Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၂၃ ရက်နေ့၌ မင်းတုန်းမြို့နယ်၊ ကြို့ဝကျေးရွာမှ ရွာသစ်ကျေးရွာ အကြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင် စစ်သည် ၁ ဦးသာ မစိုးရိမ်ရဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Khit Thit မှ တဖြည်းဖြည်းလုံးပါးပါးလာနေတဲ့ PDF တွေ စိတ်အားတက်ကြွအောင် ဖြစ်စဉ်ကို ပုံကြီးချဲ့ကာ စစ်သား ၅၀ ခန့် သေဆုံးတယ်ဆိုပြီး တစ်ဖက်သတ် လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။