ဘုရား ဘာလို့ ရှိခိုးတယ်

ဗုဒ္ဓဘာသာသည် အသိ , အကျင့် နှစ်မျိုး ဦးဆောင်သည်
ပထမ – သိဖို့လိုသည်။
ဒုတိယ – ကျင့်သုံးဖို့ လိုသည်။
တတိယ – အကျိုးရရှိဖို့ဖြစ်သည်။
ဤသည်ကို..
ပရိယတ္တိ – ( စျာန်,မဂ်,ဖိုလ်,နိဗ္ဗာန်ရရေး စည်းကမ်းများ )
ပဋိပတ္တိ – ( ကျင့်ကြံပွားများမှု )
ပဋိဝေဒ – ( ဈာန် ,မဂ် ,ဖိုလ်, နိဗ္ဗာန်ရရေးတို့ ဖြစ်သည် )
ဟု ခေါ်လေသည်။
မြတ်စွာဘုရားသည် ရတနသုတ်၌ ဤသို့ ဟောထားသည်
“မြေကြီးထဲ၌ အလွန်ခိုင်ခံ့ မြဲမြံအောင် စိုက်ထားသော
တံခါးတိုင်ကြီးသည် အရပ်လေးမျက်နှာမှ လေပြင်း
မုန်တိုင်းများ လှုပ်ရှားစေခြင်းငှာ မတတ်နိုင်သကဲ့သို့
မဂ်ဥာဏ်ဖြင့် အရိယာသစ္စာတို့ကို သိမြင်သော
သောတာပန်ပုဂ္ဂိုလ်မြတ်ကို ထိုတံခါးတိုင်နှင့်
တူသောပုဂ္ဂိုလ်ဟူ၍ ငါဘုရားဟောတော်မူ၏…

ဤသည် သောတာပန်ပုဂ္ဂိုလ်၏ ဂုဏ်ရည်ဖြစ်သည် … သောတာပန်ပုဂ္ဂိုလ်တို့သည် ရတနာသုံးပါးမှ တစ်ပါး
အခြားသူတို့အား မျက်နှာ မော်မကြည့်တော့ပေ
ရတနာသုံးပါး အပေါ် မတုန်မလှုပ် ကြည်ညိုကြလေ၏
ယုံကြည်မှုမှာ ခိုင်မာ၏ မည်သူမျှ လှည့်စား၍ မရ
ဖြားယောင်းသွေးဆောင် မရပေ….
ပြောလိုရင်းက ရတနာသုံးပါး အပေါ် မတုန်မလှုပ်
ကြည်ညိုနိုင်ဖို့ဆိုတာ “သဒ္ဓါ ပညာ”ခိုင်ခံ့ဖို့လိုသည်
ထိုကဲ့သို့ ခိုင်ခံ့ပါမှ ဘုရားအပေါ် လေးစားလာမည်
ယုံကြည်လာမည် ၊ အားကိုးလာမည် ဖြစ်သည်…
ဗုဒ္ဓဘာသာဝင်တွေ မြတ်စွာဘုရားကို ရှိခိုးတယ်ဆိုတာ
လေးစားစရာ ဂုဏ်တော်တွေ ရှိလို့ ရှိခိုးခြင်းဖြစ်သည်။
ပစ္စည်းတိုးဖို့ ၊ ရာထူတိုးဖို့ ၊ လာဘ်ရွှင်ဖို့ ၊ ဘေးကင်းဖို့ ၊
အတွက်နဲ့တင် ရှိခိုးတာ မဟုတ်ပေ (မဖြစ်သင့်ပေ)။
အမှန်က ..
ပရိတ်တို့ ၊ ပဋ္ဌာန်းတို့ ၊ မဟာသမယသုတ် စသည်တို့ကို
ရွတ်ဖတ်ရုံ သက်သက်နဲ့တင် ဟောခဲ့ခြင်း မဟုတ်ပေ …
ပြုကျင့်ဖို့အတွက်သာ ဟောခဲ့ခြင်းဖြစ်သည်။
မိုးကုတ်ဆရာတော်ကြီး မိန့်သလိုပေါ့ ..
“ဘုရားက သိဖို့ ၊ ကျင့်ဖို့ ဟောခဲ့တာ
ခင်ဗျားတို့က ခလေး စာပြန်သလို
အော် ဆိုတော့ အဲ့မှာ စလွဲတော့တာပဲ ..ဟု
ဆုံးမသတိပေးခဲ့သည် ..။
အကျင့်ပါမှ အကျိုးပေါ်မည်။
ပရိတ် ၊ ပဋ္ဌာန်း ၊ မဟာသမယသုတ် စတဲ့
ဘုရားဟော ပါဠိတော်တွေ ရွတ်ဆိုရုံသက်သက်နဲ့တော့
ကိုဗစ်ရောဂါကာကွယ်နိုင်သည်ဟု မည်သူမျှ
အာမ မခံပေ ..။
ဘုရားက ရွတ်ဆိုဖို့ သက်သက် ဟောခဲ့တာ မဟုတ် လိုက်နာ ကျင့်သုံးဖို့သာ ဟောခဲ့သည် …
အကျင့် မပါပဲနဲ့တော့ အကျိုးကို မမျှော်သင့်ပေ …အကျိုးကို ရလိုပါက
ကျင့်မှရသည် ကျင့်ပါက …
“အကာလိကော –

အခါမလင့် လက်ငင်း အကျိုးပေးမည်” ဟု မြတ်စွာဘုရား အာမခံထားသည်။
ရွတ်ဖတ်ရုံ သက်သက်နဲ့တော့
“အကာလိကော – ဟု ဘုရားမဟောပေ …
《》#ပြောလိုရင်းက..
ဗုဒ္ဓဘာသာဝင်တွေ ဘုရားရှိခိုင်းခြင်း ဟူသည်
ဘုရားမှာ လေးစားစရာ ပူဇော်စရာ ဂုဏ်တော်
အမြောက်အများရှိလို့ ရှိခိုးသည်။
တရားတော်တွေ ဟောပြပေး လမ်းညွန်ပေးလို့
ကျေးဇူးတော်တွေ အလွန်များလို့ ရှိခိုးသည်။
ကိလေသာ အလွန်စင်ကြယ်လွန်းလို့ ရှိခိုးသည်။
(ဘယ .လာဘ .ကုလ )
ကြောက်လို့ ,လာဘ်လာဘ လိုချင်လို့,
မျိုးရိုးစဉ်ဆက်ကြောင့် ကိုးကွယ်လို့,
ကိုးကွယ်တာမျိုး မဟုတ်ပေ (မဖြစ်သင့်ပေ) …
ဘုရားရှိခိုးခြင်း၏ ရည်ရွယ်ချက်သည်
“သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက်ဖို့”
ရှိခိုးခြင်းဖြစ်သည် …