ဘဏ္ဍာနှစ်အလိုက် နေကြာနှင့်ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်ဆောင်ရွက်လျက်ရှိ

ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပသိုစားသုံးဆီတင်ပိုရောင်းချနိုင်ရေးအတွက် ဘဏ္ဍာ နှစ်အလိုက် နေကြာနှင့်ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်နှင့် စားသုံးဆီပိုလျှံလာစေရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာနှင့်လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး အတွက်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက စီမံဆောင်ရွက် လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံစဉ် အသိပေးပြောကြားလိုက်သည်။

ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြိုနယ် သပြေတန်း ကျေးရွာအုပ်စု ဆောင်းနေကြာစိုက်ခင်း၌ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နေကြာမျိုးသန့်များရွေးချယ်အသုံးပြုရေး၊ စိုက်ပျိုးထုတ်လုပ်သူများအတွက် တွက်ခြေကိုက် အကျိုးရှိစေမည့်အထွက်နှုန်းရရှိရေး၊ သွင်းအားစုဓာတ်မြေဩဇာများ အချိုးမှန်ကန်စွာ သုံးစွဲရေး၊ ခေတ်မီလယ်ယာသုံးစက်ကိရိယာများ အသုံးပြုလုပ်ကိုင်နိုင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ထိုပြင် တောင်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် ဦးစီးဌာနအလိုက် တာဝန်ရှိသူများက သဘာဝမြေဩဇာပြုလုပ်သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေအလေအလွင့်မဖြစ်ပေါ်စေရေးအတွက် ရေအသုံးချသူအဖွဲ(WUG) တောင်သူများက စနစ်တကျပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့် အတူ မွေးမြူရေးလုပ်ငန်းကို တွဲဖက်လုပ်ကိုင်နိုင်မည့်အခြေအနေများနှင့် လယ်ယာမြေဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းဆွေးနွေးကြပြီး တောင်သူများနှင့်အတူ နေကြာ သီးနှံစိုက်ကွင်းအတွင်း ပေါင်းလိုက်ခြင်း၊ ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးကြတယ်လို့ သတင်းရရှိပါတယ်။