ဖောင်းပြင်ရွာသား ၆ ဦးကို တပ်ကသတ်တယ်ဆိုတဲ့ သတင်းအမှား

ပြည်ဖျက်မီဒီယာအချို့အနေနဲ့ တပ်မတော်ပုံရိပ်ကျဆင်းစေရန်နှင့် တပ်မတော်အပေါ် ပြည်သူလူထုထောက်ခံအားပေးမှုများ ယုတ်လျော့လာစေရန် ရည်ရွယ်ပြီး အင်တာနက်စာမျက်နှာပေါ်မှတဆင့် မဟုတ်မမှန်လုပ်ကြံသတင်းများအား ဖြန့်ဝေလျက်ရှိပါတယ်။

ဖောင်းပြင်ရွာမှ ဒေသခံ ၆ ဦးအား တပ်မတော်မှဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အပြင် ကျေးရွာကိုပါမီးရှို့ဖျက်ဆီးခဲ့တယ်ဆိုသော သတင်းသည် အခြေအမြစ်မရှိသည့် ကောလာဟလ သတင်းအတု သတင်းအမှားသာဖြစ်ပါတယ်။ အဆိုပါကျေးရွာအား တပ်မတော်မှ လုံခြုံရေးသွားရောက်ခဲ့ခြင်းမရှိကြောင်းလည်းသိရပါတယ်။ #AK