ဖောက်ခွဲဖျက်ဆီးခံရသည့် ကျုံအိတ်ချောင်းကူးတံတားကို ဘေလီတံတားပြန်လည်တည်ဆောက်မည်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မိုင်းထောင်ဖောက်ခွဲခံရသော ကျုံအိတ်ချောင်းကူးတံတားကို ဘေလီတံတားထိုးရန် ပစ္စည်းများရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ကျုံအိတ်ချောင်းကူးတံတားကို KNUနှင့် PDF ပူးပေါင်းအဖွဲ့မှ ဇွန်လ ၂၉ ရက် နံနက် ၄ နာရီအချိန်တွင် မိုင်းထောင်ဖျက်စီးခဲ့ရာ
မိုင်းထောင်ပျက်ဆီးခြင်းကြောင့် တံတားမှာ အကျယ်ထက်ဝန်ခန့် ပြိုကျပျက်စီးခဲ့ပြီး အိမ်စီးကား သုံးစီး ပျက်စီးဆုံးရှုံး၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။