ဖေဖော်ဝါရီလ ၂၆ ရက်နေ့ တိုက်ပွဲသတင်းများ

ဖေဖော်ဝါရီလ ၂၆ ရက်။ 💥💥💥💥💥💥💥💥💥💥

ဆည်ဇင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆည်ဇင်း တာမခံတပ်စခန်းသို့ နေရာ ၂ နေရာမှ KIA/PDF ပူးပေါင်း ၁၀၀ ဦးခန့်က လည်းကောင်း၊ တာမခံနယ်မြေရဲစခန်းသို့ အင်အား ၁၀၀ ဦးခန့်က လည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

မိုင်းပွန်

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပွန်းမြို့နယ် လွယ်ဝိုးတုတ်ဘုရားကုန်းသို့ ချီတက်စဉ် KNDF/PNLO နှင့် PDF ပူးပေါင်း ၈၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

စစ်တွေမြို့နယ်

စစ်တွေ – ပုဏ္ဏားကျွန်းလမ်းပိုင်းအား ရထားသံလမ်းများဖြင့် ပိတ်ဆိုထားပြီး ဒေသခံပြည်သူများ သွားလာလှုပ်ရှားမှု အခက်အခဲဖြစ်စေရန် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် AA အကြမ်းဖက်အဖွဲ့အား ယမန်နံနက်ပိုင်းမှစ၍ တပ်စစ်ကြောင်းများမှ စတင်ရှင်းလင်းတိုက်ခိုက်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှ လက်ရှိ အချိန်ထိ အမြင့်ကျွန်းတံတားနှင့် ကွမ်းတောင်ရွာကြားရှိ AA အကြမ်းဖက် အဖွဲ့ဝင်များအား Drop Bomb များ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ရှင်းလင်းနေသဖြင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊

အထိနာနေသည့် AA အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် ယမန်နေ့မှစ၍ နိုင်ငံရေးအရ အမြတ်ထုတ်နိုင်ရန်အတွက် စစ်တွေမြို့အနီးရှိ အောင်မင်္ဂလာ၊ သင်ပုန်းတန်း၊ သက်ကယ်ပြင်၊ နာရီကန်၊ ရွာသစ်ကေ ရွာများအား လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မောင်တောမြို့နယ်

ယနေ့နံနက်ပိုင်း ၇ နာရီအချိန်ခန့်မှစ၍ ကြိမ်ချောင်း ဘုရားကုန်းစခန်းအား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခဲ့သဖြင့် ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်း ဖက် သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

ရမ်းဗြဲ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ရဲစခန်းသို AA သကသ(စိစစ်ဆဲ) အဖွဲ့မှ Drone ၂ စီးဖြင့် Drop Bomb ၂၅ လုံး ဖြုတ်ချတိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ကောလင်း

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် သစ်ဖုလှဘုန်းကြီးကျောင်းသို့ နေရာ ၃ နေရာမှ KIA/PDF ၉၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ကလေး

ချင်းပြည်နယ် ကလေးမြို့နယ် ခိုင်ကမ်းနယ်မြေရဲစခန်းသို့ နေရာ ၂ နေရာမှ အကြမ်းဖက် ၁၃၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ဖြစ်စဉ်တွင်-အကြမ်းဖက် ၄ လောင်း၊ အေကေ(၄၇) ၁ လက်၊ လက်လုပ်သေနတ်(မှန်ပြောင်းပါ) ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည်ကာဦးထုပ် ၁ လုံးတိုအား သိမ်းဆည်းရမိခဲ့။

ဆိပ်ဖြူ

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ရေဘုတ်ရွာအနောက်ဘက်သို့ အရောက် PDF ၁၀ ဦးခန့်က ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

PDF ၁ လောင်း၊ ၄၀ မမဆုံလည် ၁ လက်၊ ၄၀ မမဗုံးသီး ၂ လုံး၊ အေကေကျည်အိမ် ၁ ခု၊ ကျည် ၁၀ တောင့်၊ အိုင်ကွန် ၁ လုံး သိမ်းဆည်းရမိခဲ့။

စစ်ကိုင်း
စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ ပြည်သူ့စစ်စခန်းဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် ကြွယ်ပုံကျေးရွာ အရှေ့မြောက်ဘက်သို့အရောက် PDF ၃၀ ဦးခန့်က ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

PDF ၁ လောင်းရရှိခဲ့။