ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှုခင်းသတင်းများ

-ဖေဖော်ဝါရီလ ၉ ရက် ၁၂၁၅ နာရီတွင် ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်၊ စိုက်ပျိုးရေးခြံရှိ ရိပ်သာရှေ့၌ ဦးမင်းသီဟအောင် (၃၈)နှစ်နှင့် ဇော်မင်းနိုင်(ခ)စမ်းမော်(၂၁)နှစ်၊ ၂ ဦးသည် ယာဉ်ဖြင့် ရပ်နားနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၃ ဦးသည် လက်နက်ငယ်များ ကိုယ်စီကိုင်ဆောင်၍ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာခဲ့ပြီး ၎င်းတို့အား သေနတ်ဖြင့် ချိန်ရွယ်ခဲ့သဖြင့် ဦးမင်းသီဟအောင်သည် ယာဉ်ပေါ်မှ လမ်းဘေးလျှိုအတွင်းသို့ ခုန်ချထွက်ပြေးလွတ်မြောက်သွားခဲ့သော်လည်း အကြမ်းဖက်သမားများသည် ဇော်မင်းနိုင်အား ယာဉ်နှင့်အတူ ဟားခါး-မတူပီလမ်းအတိုင်း ကျောဘုတ်ဂိတ် ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-ဖေဖော်ဝါရီလ ၉ ရက် ၁၂၃၀ နာရီတွင် မကွေးမြို့နယ်၊ ရေငံကျေးရွာနေ ဦးရဲညွန့်(ခ)ကိုရဲ(၄၃)နှစ်သည် ၎င်းပိုင်ဆိုင်သည့် လယ်ထဲ၌ တစ်ဦးတည်းရှိနေစဉ် အကြမ်းဖက်သမား ကျား ၃ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် လက်နက်ငယ်/ဓားရှည်များ ကိုင်ဆောင်၍ ရောက်ရှိလာပြီး ဓားဖြင့်ထိုးသတ်ခဲ့ရာ ဦးရဲညွန့်(ခ)ကိုရဲတွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ယာရင်အုံ ထိုးသွင်းဒဏ်ရာ၊ ယာနံကြားထိုးသွင်းဒဏ်ရာ၊ ဝမ်းဗိုက်အလယ်ထိုးသွင်းဒဏ်ရာ၊ ယာနောက်ကျောထိုးသွင်း ဒဏ်ရာ၊ ဝဲပေါင်ထိုးသွင်းဒဏ်ရာတို့ဖြင့် သေဆုံးခဲ့။

-ဖေဖော်ဝါရီလ ၉ ရက် ၁၂၁၅ နာရီတွင် မင်းလှမြို့နယ်၊ ရွှေဝါမြိုင်ကျေးရွာတွင် နေထိုင်သော ဦးမြင့်ဟန်(၆၄)နှစ်သည် မင်းလှမြို့မှ ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် ရွှေဝါမြိုင်ကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်းမိုင်တိုင်အမှတ်၊ ၉၈/၂ နှင့် ၉၈/၃ အကြားသို့အရောက် PDF အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် နောက်မှလိုက်ပါ လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ရာ ဦးမြင့်ဟန်တွင် ယာရင်အုံ၊ ဝဲပါး၊ ဝဲလည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာ တို့ဖြင့် သေဆုံးသွားခဲ့။

-ဖေဖော်ဝါရီလ ၉ ရက် ၁၀၃၀ နာရီတွင် ဟုမ္မလင်းမြို့နယ်၊ မင်းပွဲကျေးရွာနေ ကျော်မြင့်လှိုင်(၂၂)နှစ်နှင့် ဇနီးဖြစ်သူ ခင်မိုးဝေ(၂၁)နှစ်တို့ ၂ ဦးသည်  125 KENBO (နီ/နက်ကြား) ဆိုင်ကယ်ဖြင့် မင်းပွဲကျေးရွာမှ နောင်ပိုအောင် ကျေးရွာသို့ ဈေးဝယ်ထွက်လာခဲ့ရာ နောင်ပိုအောင်ကျေးရွာအနီးသို့ရောက်ရှိစဉ် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် တိုက်မိုင်း ၁ လုံးအား တိုက်မိပေါက်ကွဲခဲ့ရာ ကျော်မြင့်လှိုင်တွင် ယာရင်ဘတ်/ယာဒူး/ဝဲလက်ဖျံ မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ခင်မိုးဝေတွင် ဝဲတံတောင်ဆစ် မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိခဲ့။