ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ရွှေ့ဆိုင်းခွင့်ရသူများ

ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ရွှေ့ဆိုင်းခွင့်ရရှိသူများအနေဖြင့်.—-

(၁) ယာယီအားဖြင့် စစ်မှုထမ်းနိုင်မည့် ကျန်းမာရေးအဆင့်မီကြောင်း သက်ဆိုင်ရာတပ်မတော်ဆေးစစ်ရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိထားသူများ။ (၂) နိုင်ငံ့ဝန်ထမ်းများ(၃) ပညာသင်ကြားနေသူများ(၄) အခြားပြုစုစောင့်ရှောက်မည့်သူမရှိသော မိအိုဖအိုများကို ပြုစုလုပ်ကကျွေးနေသူများ (၅) မူးယစ်ဆေးဝါးဖြတ်ရန်ဆေးကူသမှုများ (၆) ထောင်ဒဏ်ကျခံနေသူများ (၇) ဆင့်ခေါ်ရေးအမိန့်စာလက်ခံရရှိသည့်နေမှ သတ်မှတ်ထားသည့် နေ့ရက်အတိုင်း သတင်းပို့ခြင်း မပြုရသေးမီကာလအတွင်း မိဘတစ်ဦးဦးသော်လည်ကောင်း၊ အိမ်ထောင်သည် အမျိုးသားဖြစ်ပါက ဇနီးသော်လည်းကောင်း ရုတ်တရက်သေဆုံးသွားခြင်း၊ (၈) ဆင့်ခေါ်ရေးအမိန့်စာလက်ခံရရှိသည့်နေမှ သတ်မှတ်ထားသည့် နေ့ရက်အတိုင်း သတင်းပို့ခြင်းမပြုရသေးမီကာလအတွင်း မတော်ဆတဖြစ်ရပ်တစ်ခုခုကြောင့် ဖြစ်စေ၊ အခြားသူ၏ ပယောဂတစ်ခုခုကြောင့် ဖြစ်စေ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတစ်ခုခု အပြင်းအထန်ဒဏ်ရာရရှိသူဖြစ်ခြင်း၊ (၉) ဥပဒေနှင့်အညီ ချုပ်နှောင်ခံရသူ၊ သို့မဟုတ် တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူဖြစ်ခြင်း၊ (၁၀) နိုင်ငံတော်၏လိုအပ်ချက်အရ ပညာရပ်များကို လေ့လာသင်ယူနေသူဖြစ်ခြင်း၊ (၁၁) ပြည်သူ့စစ်မှုထမ်းရမည့် တာဝန်မှ ရွှေ့ဆိုင်းပေးရန် မဖြစ်မနေ လိုအပ်နေသူများဖြစ်ခြင်း ပဲ ဖြစ်ပါတယ်။