ပြင်းထန်နေသော ကနီတိုက်ပွဲ

ကနီမြို့အား မြို့သိမ်းတိုက်ပွဲဟုဆိုကာ ဝင်ရောက်တိုက်ခိုက်နေသည့် KIA ဗျူဟာမှူး ဦးစီးသည့် KIA/PDF အကြမ်းဖက်အဖွဲ့ အကျအဆုံးများနေပြီး ရုပ်အလောင်းများကို မော်တော်ယာဥ်များဖြင့် သယ်ယူနေကြောင်း မြေပြင်သတင်းပေးပို့မှုအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ကို မြို့သိမ်းတိုက်ပွဲပြုလုပ်ရန် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် PDF အကြမ်းဖက်များမှ ဝင်ရောက်တိုက်ခိုက်နေသည့်အတွက် မြေပြင်စစ်ကြောင်းနှင့် လေကြောင်းများနှင့် ပစ်ခတ်နေသည့်အတွက် တိုက်ပွဲပြင်းထန်နေပြီး အကျဆုံးများရှိနိုင်ကြာင်းသိရသည်။

တပ်ဘက်မှစစ်ကြောင်းပစ်အားနှင့် လေကြောင်းပစ်အားတို့ကြောင့် KIA /PDF ပူးပေါင်းအဖွဲ့များ အကျအဆုံးများနေသော်လည်း ဆက်လက်တိုက်ပွဲဖော်ဆောင်ရန် KIA/PDF ပူးပေါင်းအဖွဲ့များက တွင် ယနေ့ နံနက်အစောပိုင်းတွင် ကနီမြို့၏ မြစ်အရှေ့ဘက်ကမ်း ဝင်မနားရွာဘက်မှ ကား ၃ စီးဖြင့် စစ်ကူဖြည့်တင်း လာကြောင်း သိရသည်။

KIA/PDF အဖွဲ့အား စစ်ကူဖြည့်ရန် ရောက်ရှိလာသော ကား ၃ စီးမှာ ကနီမြို့တိုက်ပွဲမှာသေဆုံးသွားသည့် PDF အလောင်း ၁၅ လောင်းနှင့် အကျိုးအပဲ့ဒဏ်ရာရသူများကို ချင်းတွင်းမြစ်အရှေ့ဘက်သို့ပြန်လည် သယ်ယူသွားကြောင်း သတင်းပေးပို့ချက်အရ သိရသည်။

PAN