ပဲနွယ်ကုန်းမြို့မစျေးကြီး မီးလောင်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၏ အလယ်ရှိ မြို့မစျေးကြီး ယနေ့ညနေပိုင်းအချိန်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

၎င်း မီးလောင်ကျွမ်းရာနေရာသို့ မြို့ခံမီးသတ်အင်အားနှင့် မလုံလောက်သဖြင့် ခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဥ်များ၊ ရေသယ်ယာဥ်များဖြင့် အရေးပေါ်မီးငြိမ်းသတ်နေရပြီး ဖြူးမြို့နယ်မှ မီးသတ်ယာဥ်များလဲ လာရောက်ပူးပေါင်းငြိမ်းသတ်နေရကြောင်းသိရှိရပြီး…ဈေးဆိုင်ခန်း (၄၃၅)ခန်းအပြင် ဈေးအနီးရှိ လူနေအိမ် ၉ လုံးနှင့် သတိပဌာန်အုပ်ချုပ်ရေးမှူးရုံးလည်း မီးထဲပါသွားကြောင်း သိရသည်။

ဧပြီလ (၂)ရက် ညနေ (၆)နာရီခန့်က ပဲနွယ်ကုန်းစည်ပင်သာယာဈေးကြီးအတွင်းတွင် ဖွင့်လှစ်ထားသည့် ဆံပင်ညှပ်ဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းချိန်သည် ဈေးပိတ်ချိန်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုတွင် ဈေးပိတ်ချိန်ဖြစ်သည့်အတွက် လူထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်းနှင့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်သည့် ဆုံးရှုးမှုတန်ဖိုးများကို တွက်ချက်နေဆဲဖြစ်ကြောင်း သိရသည်။