ပုဂံက ဘုရားစေတီ ပေါင်း အဆူ၉၀ ကို အိန္ဒိယကရှေးဟောင်းပညာရှင်အဖွဲ့နဲ့ပူးပေါင်းပြုပြင်မည်

မြန်မာ- အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းပြီး ညောင်ဦးမြိုနယ်၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ဘုရားစေတီပေါင်းအဆူ၉၀ကို ပြုပြင်တာနဲ့ထိန်းသိမ်းတာတွေ လုပ်ဆောင်ဖိုရှိနေကြောင်း ရှေး ဟောင်းသုတေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲကနေ သိရပါတယ်။

ရှေးဟောင်း အဆောက်အအုံတွေနဲ့ နံရံဆေးရေးပန်းချီတွေကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အိန္ဒိယနိုင်ငံက(ASI) ရှေးဟောင်းသုတေသနပညာရှင်အဖွဲနဲ့ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲကပညာရှင်တွေ ပူးပေါင်းပြီး လာမယ့် မတ် ၁၄ ရက်ကစပြီး အသေးစိတ်ဆွေးနွေးညှိနှိင်းနေကြတယ်လို ဆိုပါတယ်။

လတ်တလောမှာတော့ ပုဂံဘုရား (၅)ဆူကို အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းဖိုနဲ့ အဲဒီဘုရားတွေမှာ ရှိတဲ့ နံရံဆေးရေးပန်းချီတွေကို ထိန်းသိမ်းဖို ရှိတယ်လိုလည်း သိရပါတယ်။