အောက်တန်းကျတဲ့ AA အကြမ်းဖက် ထွန်းမြတ်နိုင်ရဲ့ လုပ်ရပ်

“ဘူးသီးတောင်မှာ ဘာသာရေးကိုအခြေခံတဲ့ လူမျိုးစုတွေကို သတ်ဖြတ်ပြီး အကြမ်းဖက်ဖို့ တပ်မတော်ရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင်နေတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ကြောင်း၊ လောလောဆယ် သူတို့ ဓားစာခံအဖြစ် ချုပ်နှောင်ထားကြောင်း၊ ARSA နဲ့ ARA အဖွဲ့ဝင်တွေကို AA (Arakan Army) နဲ့ တိုက်ဖို့ မြန်မာစစ်အစိုးရက အခြေခံစစ်ရေးလေ့ကျင့်မှုတွေပေးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောတယ်” ဆိုပြီး Indian Express သတင်းမှာရေးသားထားတယ်။

ထွန်းမြတ်နိုင် တွစ်တာမှာ “မြန်မာနိုင်ငံမှာ ဟိန္ဒူဘာသာဝင် ၁၆၀၀ ကျော်နှင့် ဗုဒ္ဓဘာသာဝင် ၁၂၀ တို့အား ဓားစာခံအဖြစ် အစ္စလမ္မစ်အကြမ်းဖက်အဖွဲ့များက ဖမ်းဆီးထားသည်” ဆိုတဲ့ Indian Express တင်ထားတဲ့ သတင်းကို လွတ်ခဲ့တဲ့ ၇ နာရီက အတည်ပြုရှဲထားသည်။

မြေပြင်မှာစုံစမ်းကြည့်တော့ ဒီကိစ္စလုံးဝမရှိဘူး၊ ခင်ဗျားတို့သိတဲ့ ဒေသခံတွေကို ဆက်သွယ်မေးကြည့် ဒီအကြောင်းအရာမရှိခဲ့တာ ကြားသိရလိမ့်မယ်၊ ဒီကာလမှာ ရှိခဲ့တာက “AA အလိုမရှိ၊ မွတ်ဆလင်များအား လူသားဒိုင်း ပြုလုပ်မှုချက်ခြင်းရပ်၊ မွတ်ဆလင် ကျေးရွာများအား မီးရှို့ဖျက်ဆီးမှု ချက်ခြင်းရပ်၊ ကျေးရွာများထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ AA သောင်းကျန်းသူ အလိုမရှိ” ဆိုတဲ့ မွတ်ဆလင်တွေရဲ့ ဆန္ဒပြမှုတွေနဲ့ AA ကို ARSA အဖွဲ့တွေ လိုက်တိုက်နေတာပဲ ရှိခဲ့တယ်
မီဒီယာပြောတဲ့ သတင်းရင်းမြစ်တစ်ခုဆိုတာ ဘယ်ကလဲ….ဒီသတင်းကို ဘယ်သူရေးခိုင်းပြီး ဘယ်သူက အတည်ပြုတာလဲ
ဆိုတာ စဉ်းစားစရာကို မလိုဘူး……….ဒီကြားထဲမှာ AA အဖွဲ့တွေနဲ့အတူ ပလက်ဝ – မီဇိုရမ် လမ်းပိုင်းကို လာကြည့်တယ်ဆိုတဲ့ မီဇိုရမ်ကအမတ်ဆိုတာ အိန္ဒိယအစိုးရ အဖွဲ့ကမဟုတ်ဘူး အတိုက်အခံပါတီကလူ……
မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရကို ယုံကြည်မှု ပျက်ပြားအောင် ထွန်းမြတ်နိုင်က ထိုအတိုက်အခံအမတ်နဲ့ပေါင်းပြီး တမင်တကာလုပ်နေတာ……ဘာသာရေးအကြမ်းဖက်မှုတွေမဖြစ်တာကို ဖြစ်လာအောင်လုပ်နေတာဘယ်သူလည်းဆိုတာတော့ ခေါင်းရှိတဲ့သူတိုင်းတွေးတတ်ပါလိမ့်မယ်..
အောက်တန်းကျလိုက်ချက် လွန်ပါရော…..
လက်နက်ကိုင်ခေါင်းဆောင်တစ်ယောက်ရဲ့သိက္ခာဆိုတာကို မရှိတော့ဘူး…..

crd/ min chit oo