ပါရမီဖြည့်ဖက် (ဇာတ်သိမ်းပိုင်း)

တိတ်ဆိတ်သောညများတွင်
ကင်းပုန်းဝပ်စောင့်ရခြင်းမှာ
သတိကြီးစွာထားရသည်။
အထူးသဖြင့် အသံလုံခြုံမှုသည် အရေးကြီးသလို အိပ်မငိုက်ရန်လည်း ထိန်းချုပ်ရသည်။
အတွေးများ စုစည်းလိုက်၊ ပျံ့လွင့်လိုက်နှင့် စက္ကန့်၊ မိနစ်၊ နာရီတို့သည် တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။
ဗိုလ်ကြီး…ဗိုလ်ကြီး
နံနက်(၄)နာရီခန့်တွင် တပ်စိတ်မှူးတစ်ဦးမှ လူသံသဲ့သဲ့ကြား၍ သတင်းလာပို့ခြင်းဖြစ်သည်။
ကျန်အဖွဲ့များအားလုံးကိုသတိပေးကာ အသံလာရာဆီသို့ စောင့်မျှော်နေလိုက်သည်။
အရုဏ်လာခါနီးမို့ မြေနီလမ်းကလေးကို ဝိုးတဝါးမြင်နေရသည်။ ခဏမျှပင် မကြာချေ။
ရန်သူများတက်လာသည်ကို တွေ့လိုက်ရသည်။ သောင်းကျန်းသူလက်နက်ကိုင်အင်အား
ဆယ်ယောက်ကျော်ခန့်ရှိသည်။ သူတို့၏နောက်တွင် အဖမ်းခံထားသူများပါလာသည်။
ကျွန်တော်၏တာဝန်မှာ ခရီးသည်များကို ကယ်တင်ရေးဖြစ်သည်။ ခရီးသည်အားလုံး
မှဲ့တစ်ပေါက်မစွန်းအောင် ကျွန်တော်ကြိုးစားလုပ်ဆောင်ရမည်။
ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ပါ
ဟူသော ကျင့်ဝတ်အတိုင်း ကျွန်တော်ဆောင်ပါမည်။ ရန်သူတွေအပေါ်မှာတော့
စစ်မြေပြင်တွင် ရန်သူကိုနေလို မီးလိုကျင့်ပါ ဟူသော ခံယူချက်အတိုင်း အပြတ်ချေမှုန်းရမည်။
အသံကိုလုံခြုံအောင် ထိန်းသိမ်းရင်း လက်တစ်ကမ်းအထိ ရောက်လာအောင် စိတ်ရှည်စွာ စောင့်နေရသည်။
ပစ်…
ကျွန်တော်၏အမိန့်ပေးသံ ဆုံးသည်နှင့် ကျည်တစ်ထောင့်လူတစ်ယောက်မှန်အောင်ပစ်လိုက်ကြသည်။
သေနတ်သံများဆူညံသွားသည်။ ရန်သူသည် မထင်မှတ်ဘဲ ရုတ်တရက်ကျရောက်လာသော ကျည်ဆန်များကြောင့်
မည်သို့မျှပင် ပြန်လည်ခုခံနိုင်ခြင်းမရဘဲ ဝရုန်းသုန်းကားဖြင့် ပြန့်ကျဲထွက်ပြေးသွားခဲ့သည်။
မိမိစစ်သည်များအား လှုပ်ရှားမှုအမြန်ပြုစေကာ ခရီးသည်များကို စောင့်ကြပ်နေသည့် ရန်သူနှစ်ဦးကို
လှံစွပ်ထိုးချေမှုန်းလိုက်သည်။ အလင်းရောင်လာသည်နှင့် တိုက်ပွဲဖြစ်ပွားရာနေရာကို စနစ်တကျ ရှင်းလင်း
လိုက်သည်။ အလောင်း ၄လောင်းနှင့် လက်နက် ၅လက် ရရှိလိုက်သည်။ ရန်သူ တော်တော်များများ
ဒဏ်ရာပြင်းထန်စွာနှင့် ထွက်ပြေးသွားပုံရသည်။ တပ်စုအား လမ်းအရှေ့ဘက်ရှိ တောင်ကုန်းတစ်ခုသို့
ပြောင်းရွှေ့နေရာယူစေလိုက်တာ တပ်ခွဲမှူး ထံ ဆက်သွယ်ရေးစက်ဖြင့် သတင်းပို့လိုက်သည်။
တစ်ညနေလုံး မုန့်ခြောက်နှင့် ရေသာမျှောချထား ရပြီးတစ်ညလုံးအိပ်ရေးအပျက်ခံထားရသဖြင့်
ပင်ပန်းနေကြသော်လည်း ရဲဘော်များ၏ မျက်နှာများ တွင်မူ ကျေနပ်မှုများကို တွေ့နေရသည်။
သောင်းကျန်းသူများဖမ်းဆီးခေါ်ဆောင်သွားခဲ့သော ခရီးသွားပြည်သူများကို ကျွန်တော်တို့ တပ်စုက
အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်။ ရန်သူများအလစ်အငိုက်ကို တစ်ညလုံးစောင့်စားရင်း ခရီးသည်များ၏
အသက်ကို သက်စွန့် ဆံဖျား ကယ်တင်ခဲ့ရခြင်းဖြစ်သည်။ နောက်တစ်နေ့ဆိုလျှင် သူတို့ကို
ကယ်တင်ဖို့လွယ်ကူတော့မည် မဟုတ်ပေ။ ကျွန်တော်ကယ်တင်ခဲ့ရသော ခရီးသည်များတွင် မမျှော်လင့်ဘဲ
စန္ဒာတို့သားအမိလည်း ပါလာသည်။ စန္ဒာတို့သားအမိမှာ ကွတ်ခိုင်မြို့မှ မူဆယ်မြို့ရှိ ဖခင်ထံသွားရောက်စဉ်
သောင်းကျန်းသူ လက်နက်ကိုင်များ၏ ဓားပြတိုက်ပြန်ပေးဆွဲခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။
စိုးရိမ်ထိတ်လန့်နေသော စန္ဒာတို့သားအမိကို စိတ်သက်သာရာရစေရန် ကျွန်တော်သွားရောက် အားပေးစကားပြောခဲ့ပါသည်။
စန္ဒာ့အမေက ကျွန်တော့်ကို ရုတ်တရက်မမှတ်မိ။ စန္ဒာပြောပြမှ ကျောင်းနေဖက်သူငယ်ချင်းမှန်းသိသွားသည်။
ကျော်ထက်ရယ် ငါလေတစ်ချိန်က နင့်ကို အထင်မကြီးခဲ့တာ။ စိတ်မဆိုးပါနဲ့
စိတ်မဆိုးပါဘူးဟာ..တို့တပ်မတော်သားတွေအပေါ် နင်အမြင်ကြည်လင်လာတာကိုပဲ ငါဝမ်းသာလှပါပြီ
ငါလေ အရမ်းကို ထိတ်လန့်တုန်လှုပ်ပြီး ကြောက်နေမိတယ်။ ငါအသက်ရှင်ခွင့်မှ..ရပါ့တော့ မလားအထိတောင် တွေးနေမိတယ်}}
စန္ဒာက သူကြုံတွေ့ခဲ့ရသော အဖြစ်ဆိုးကို ပြန်ပြောင်းတွေးတောရင်း စိတ်ရင်းအမှန်ဖြင့် ပြောနေခြင်းဖြစ်သည်။
အခုမှတော့..ဘာမှ ကြောက်မနေပါနဲ့တော့..စန္ဒာ့အနားမှာ ကိုယ်တစ်ယောက်လုံးရှိနေပြီပဲ
အံမယ်..သူနဲ့ငါက..ရည်းစားမဟုတ် ဘာမဟုတ်..နဲ့များ၊ ပိုင်စိုးပိုင်နင်းပြောနေတယ်
မျက်စောင်းထိုးလေ၊ လှလွန်းဆွေပါလား စန္ဒာရယ်။ ဟုတ်ပါသည်။ သူနှင့် ကျွန်တော်က ရည်းစား မဟုတ်
ဘာမဟုတ်ဘဝပါ။ ချစ်ကြောင်းကြိုက်ကြောင်း တစ်လုံးတစ်ပါဒမှ မပြောရသေးဘဲ ကျွန်တော်က စိုးရိမ်ပူပန်နေသည်မှာ သဘာဝမကျပါ။
သည်ကနေ့ သည်အချိန်ထိ စန္ဒာ့ကို နှုတ်ဖြင့်ချစ်ရေးမဆိုရသေးပါလား။ နှလုံးသားချင်းတော့ သိနှင့်နေပြီးဖြစ်ပါသည်။
စန္ဒာ၏ ရည်းစားမဟုတ် ဘာမဟုတ် ဟူသော စကားလေးကို ကျွန်တော် အလွန်နှစ်ခြိုက် သဘောကျသွားသည်။
အခြေအနေနှင့်အချိန်အခါကိုကောင်းစွာ အသုံးချရန်လိုအပ်လာပြီလို့ ကျွန်တော် ထင်လိုက် မိသည်။
အင်း..ဒီအချိန်မှာ စန္ဒာကို ချစ်ရေးဆိုဖို့ အသင့်တော်ဆုံးပဲဟူသော အတွေးဖြင့် ဆုံးဖြတ် ချက်တစ်ခုကို ပိုင်နိုင်စွာ
ချလိုက်ပြီး စန္ဒာ့ကို စကားပလ္လင်ခံလိုက်သည်။ စန္ဒာ့ကို ကိုယ်ပြောစရာ စကားရှိတယ်..ကျောင်းတက်တုန်းက
သူငယ်ချင်းဘဝကတည်းက ပြောချင်ခဲ့တာပါ
အင်း..ပြောလေ..ကျော်ထက်
စန္ဒာ့ကို ကိုယ်ချစ်တယ်
ကျွန်တော်စကားဆုံးသည်နှင့် စန္ဒာတစ်ဖက်သို့ လှည့်ထွက်သွားသည်။ ပြီးမှ စိတ်ဆိုးသည့်လေသံဖြင့်
မေးခွန်းတစ်ခုပြန်မေးသည်။ ဒီစကားကို ဘာလို့အခုမှ လာပြောရတာလဲ
ကျွန်တော်စိုးရိမ်သွားမိသည်။ ကျွန်တော်ဖွင့်ပြောတာနောက်ကျသွားပြီလား။ ဒါမှမဟုတ်သူ
အိမ်ထောင်ကျသွားပြီလားဟူသော အတွေးပေါင်းများစွာက ရင်ကိုလာရိုက်ခတ်လေပြီ။
စန္ဒာ ကိုယ့်ကို မုန်းနေတုန်းပဲလား
စန္ဒာထံမှ စကားသံထပ်မံထွက်ပေါ်လာပြန်သည်။
ကျော်ထက်..နင့်ကိုမုန်းတယ်လို့ ဘယ်သူပြောလဲ..။ ငါကိုယ်တိုင်ပြောခဲ့ဘူးလား..။
ဒီမယ် ကျော်ထက် နင်ဟာ သောင်းကျန်းသူတွေနဲ့ စစ်တိုက်တဲ့နေရာမှာတော်ပေမယ့်
နှလုံးသားတိုက်ပွဲမှာတော့ နင်တော်တော်ညံ့တယ်။ ငါအခုစိတ်ဆိုးနေတာက.. နင်အခုမှ ငါ့ကိုချစ်တယ်လို့ ဖွင့်ပြောလို့ဘဲ
စန္ဒာပြောသမျှ ကျွန်တော်စိတ်ဝင်စားစွာ နားထောင်နေမိသည်။ ကျွန်တော်ဘာမှ ပြန်မပြော ခင်မှာပင် သူဆက်ပြောသည်။
ဒီစကားကို ငါမျှော်လင့်နေခဲ့တာ..ကြာပါပြီ။ မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ စပြော ဖို့ မဖြစ်နိုင်ခဲ့တာမို့၊ နှုတ်ပိတ်ပြီး
ဒီလိုနေ့မျိုးကို မျှော်လင့်နေခဲ့တာပါ ကျော်ထက်။ ငါနင့်ကို မမုန်းပါဘူး။ အရင်တုန်းကလည်း မမုန်းခဲ့ဘူး။
အခုလည်း မမုန်းဘူး။ နောင်လဲ ဘယ်တော့မှ မုန်းမှာမဟုတ်ဘူးဆိုတာ နင့်ရင်ထဲမှာ အမြဲမှတ်ထားလိုက်ပါ..
ကျော်ထက် စကားဆုံးသည်နှင့် စန္ဒာကျွန်တော်ဘက်သို့ ပြန်လှည့်လာသည်။ ကျွန်တော်အရမ်းဝမ်းသာ သွားပြီး၊
ရှေ့သို့ ခြေတစ်လှမ်းတိုးကာလှမ်းလိုက်ပြီး စန္ဒာနှင့်အနီးသို့ကပ်လိုက်သည်။
ဟိုး..ဆရာ..ဟိုးထား၊ အမေနဲ့ ရဲဘော်တွေရှိသေးတယ်လေ..
ကိုယ့်ကိုကိုယ် အရာရှိတစ်ယောက်ဟူသောအသိဖြင့် ကျွန်တော့်စိတ်ကို ကျွန်တော်ပြန်ထိန်း လိုက်သည်။
ဆိတ်ကွယ်ရာဆို စန္ဒာ့ကိုအားရပါးရမလွတ်တမ်း ဖက်ထားလိုက်မိမှာသေချာသည်။
ဒီစစ်ဆင်ရေးပြီးလို့ ခွင့်ရရင် အဖေနဲ့အမေဆီမှာ လာတောင်းပါ။ စန္ဒာအဲဒီနေ့ကိုစောင့်နေမယ်။
သွားတော့မယ်။ အမေစောင့်နေတယ် စန္ဒာ့အမေနှင့်အခြားခရီးသည် ဓားစာခံများကို နီးစပ်ရာမြို့သို့ရောက်အောင်
လိုက်လံပို့ပေး ပြီး အထက်က ပေးအပ်သောညွှန်ကြားချက်များကို ဆက်လက်လုပ်ဆောင်နေခဲ့ပါသည်။
ကျွန်တော့်တွင် အရင်ကနှင့်မတူသော ခွန်အားများ၊ တိုးပွားလာသည်မှာ အမှန်ဖြစ်သည်။ မကြာမီကာလတွင်
တပ်မတော်အတွက် အားကိုးရမည့် ပါရမီဖြည့်ဖက်တစ်ယောက်..တိုးလာတော့ မည်ဟူသည့် အတွေးများစွာဖြင့်….။ ။
ဘုန်းမောင်ဝင်း(ဖျာပုံ)