နောက်ဆုံးရ မနက်ခင်း အားကစားသတင်းများ

ချဲလ်ဆီးနည်းပြဟောင်း တူချယ်ကတော့ ၎င်းရဲ့ ပွဲဦးထွက် ပွဲစဉ်မှာတင် ဒေါ့မွန်အသင်းကို ၄-၂ နဲ့ အနိုင်ကစားပြီး အသင်းသစ် ဘိုင်ယန်ကို အမှတ်ပေးဇယားထိပ် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ အက်စ်တွန်ဗီလာတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ချဲလ်ဆီးအသင်းဟာ ၎င်းတို့ အိမ်ကွင်းမှာတင် ၂ ဂိုးပြတ် အရေးနိမ့်ခဲ့တာကြောင့် အဆင့် ၁၀ အပြင်ဘက် ရောက်ရှိသွားခဲ့ပါတယ်။

မနေ့ညက ဖီအိုရင်တီးနားနဲ့ပွဲမှာ လူကာကူတစ်ယောက် ပွဲထွက်ခွင့်ရခဲ့ပေမယ့် လောက်လောက်လားလား စွမ်းဆောင်ပြနိုင်ခြင်း မရှိခဲ့ပဲ အသင်းကလည်း အိမ်ကွင်းမှာ ဝ-၁ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။

အယ်လ်ချီအသင်းကို အဝေးကွင်းမှာ ၄ ဂိုးပြတ် အနိုင်ယူနိုင်ခဲ့တဲ့အတွက် ဘာစီလိုနာအသင်းနည်းပြ ဇာဗီက အသင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို ချီးကျူးသွားခဲ့ပါတယ်။

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ဗီရိုနာနဲ့ ပွဲမှာ ဂျူဗင်တပ်အသင်းဟာ မွိုက်ဆီကိန်းရဲ့ တစ်လုံးထဲသော အနိုင်ဂိုးနဲ့အတူ အိမ်ကွင်းမှာ ၁-ဝဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဘိုင်ယန်နည်းပြ တူချယ်ကတော့ ဒေါ့မွန်ကို အနိုင်ရခဲ့ပေမယ့် ၎င်းတို့အသင်းမှာ တိုးတက်ရဦးမယ့် နေရာအချို့ ရှိနေသေးကြောင်း သတိပေး ပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ ပေါ်တာကတော့ ၎င်းတို့အကောင်းဆုံး ပုံစံနဲ့ ကစားခဲ့ပေမယ့် ဗီလာကို အရေးနိမ့်ခဲ့တဲ့အတွက် စိတ်ပျက်ခဲ့ရကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

ပဲလေ့စ်နည်းပြ ဟော့ဆန်ကတော့ ၎င်းရဲ့ ပထမဆုံး ပွဲဦးထွက် ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာကို အချိန်ပို သွင်းဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ကျေနပ်အားရမိကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ် အသင်းနည်းပြ အာတီတာကတော့ မန်စီးတီးအသင်းရဲ့ ဖိအားပေးမှုကို အာရုံစိုက်နေမှာ မဟုတ်ပဲ ၎င်းတို့ လုပ်နိုင်တာကိုသာ အကောင်းဆုံး ဆက်လုပ်ဆောင်နေမှာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်နည်းပြ ကလော့ပ်တစ်ယောက် ၎င်းရဲ့ အသင်းသားတွေအပေါ် အလွန်စိတ်ပျက်နေကြောင်း သတင်းရရှိပါတယ်။

လီဗာပူးလ်အသင်းကို အနိုင်ရခဲ့ပြီးနောက် မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲပေါင်း ၁၂၈ ပွဲမှာတင် နိုင်ပွဲ ၁၀၀ အထိ ရရှိခဲ့တာကြောင့် အာဆင်နယ် နည်းပြဟောင်း အာဆင်ဝင်းဂါးရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။

Credit