နီပေါနိုင်ငံတွင်‌လေယာဉ်ပျက်ကျပြီးသေဆုံးမှုများပြားနေကြောင်း သိရှိရ

နီပေါနိုင်ငံတွင် လူ ၇၂ ဦးလိုက်ပါလာသည့် ‌လေယာဉ်ပျက်ကျပြီး အလောင်း ၁၆ လောင်းကို တွေ့ရှိခဲ့ပြီး သေဆုံးသူများ ပိုမိုများပြားလာခဲ့သည် ဟုအစိုးရပိုင် နီပေါ ရုပ်မြင်သံကြားမှ သိရသည်။

ခတ္တမန္ဒူမှ လူ ၇၂ ဦးကို တင်ဆောင်လာသော လေယာဉ်တစ်စင်း ယနေ့နံနက်ပိုင်းတွင် နီပေါနိုင်ငံ Pokhara ၌ ပျက်ကျခဲ့ကြောင်း Yeti လေကြောင်းလိုင်းမှ ပြောကြားခဲ့သည်။ အပျက်အစီးတွေကနေ အနည်းဆုံး လူသေအလောင်း ၁၆ လောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို နီပေါမီဒီယာက ဖော်ပြပါတယ်။ နီပေါနိုင်ငံ အနောက်ဘက်ခြမ်းရှိ မြို့ဟောင်းနှင့် လေဆိပ်သစ်တို့ကြား ပျက်ကျခဲ့သည့် လေယာဉ်ပေါ်တွင် ခရီးသည် ၆၈ ဦးနှင့် အမှုထမ်းလေးဦး လိုက်ပါခဲ့သည်။

အသက်ရှင်ကျန်ရစ်သူတွေ ရှိမရှိဆိုတာ အခုလောလောဆယ် မသိသေးဘူး” ဟု လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရှိသူ Sudarshan Bartaula က AFP သတင်းဌာနသို ပြောကြားခဲ့သည်။
ပျက်ကျစဉ် လေယာဉ်သည် မီးလောင်ခဲ့ပြီး ကယ်ဆယ်ရေးသမားများက ၎င်းကို ငြိမ်းသတ်ရန် ကြိုးပမ်းနေကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရပါတယ်။