နိုင်ငံ့ဝန်ထမ်းတွေ လစာတိုးပြီ

နိုင်ငံတော်တာဝန်ကို ထမ်းဆောင်လျက်ရှိကြတဲ့ နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်(ကြည်း၊ရေ၊လေ) ဝန်ထမ်းများရဲ့ စားဝတ်နေရေး သက်သာချောင်လည်မှုရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်လ လျှင် ကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်းဖြင့် လစဉ်ခံစားခွင်ပြုသွားမှာဖြစ်တဲ့အပြင် အစိုးရဌာနများနဲ့ အဖွဲအစည်းများရှိ နေ့စားအလုပ်သမားများရဲ့ လုပ်ခကို အလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားတဲ့ လုပ်ခ ကျပ် ၄,၈၀၀ (ကျပ်လေးထောင့်ရှစ်ရာတိတိ) အပေါ်တွင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ထောင်ကျပ် ထပ်မံခံစားခွင့်ပြုသွားမှာဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။