နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလားဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲများ ကျင်းပလျက်ရှိ

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်(၇၅)နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား၊ အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို  နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပလျက်ရှိပြီး

ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် 

-ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊  

-ကာကွယ်ရေးဝန်ကြီးဌာန အသင်းက ပြည်ထဲရေးဝန်ကြီးဌာန အသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊

ဘော်လီဘော(အမျိုးသား) ပြိုင်ပွဲပွဲစဉ်များအဖြစ်

-ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန်အသင်းကို ၃ ပွဲ ၂  ပွဲဖြင့်လည်းကောင်း၊

-စွမ်းအင်ဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ -ကာကွယ်ရေးဝန်ကြီးဌာန အသင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊

-ပညာရေးဝန်ကြီးဌာန အသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အသင်းကို  ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊

-အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အသင်းက   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို   ၃  ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်းသိရှိရပါတယ်။