ဒီဇင်ဘာ ၁၃ ရက်နေ့ မိုင်း/ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များ

-ဒီဇင်ဘာ ၁၃ ရက် ၀၆၁၅ နာရီတွင် မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ကျေးရွာအနီးရှိ 230 KVA ဓာတ်အားခွဲရုံသို့ အကြမ်းဖက်အဖွဲ့ KNU/PDF သည် အတွင်းကွင်းကလေးကျေးရွာဘက်မှ ဒရုန်း ၁ စင်းဖြင့် Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး 50 MVA Transformer ၏ Gas Circuit Briker ၁ လုံး၊ Raditior (အအေးခံကိရိယာ)၊ ကြွေသီး ၂ လုံး၊ 20 MVA Transformer ၏ Raditior (အအေးခံကိရိယာ)တို့ ဗုံးစထိမှန် ပျက်စီးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သိန်း ၅၀၀၀ ခန့်ဖြစ်ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၁၃ ရက် ၀၇၃၀ နာရီတွင် လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာ၊ လောင်းလုံး-ထားဝယ်သွားကားလမ်းဘေးရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ PDF အကြမ်းဖက်အဖွဲ့များမှ ရုံး၏လမ်းဘေးဝဲ/ယာပန်းခုံများအနီး၌ ထောင်ထားသည့် လက်လုပ်မိုင်း ၁၃ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် သက်မဲ့ပြုလုပ်ဖျက်ဆီးခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၁၃ ရက် ၁၆၀၀ နာရီတွင် သာကေတမြို့နယ်၊ ၂/တောင်ရပ်ကွက်၊ ဇောတရုံလမ်းနှင့် မေတ္တာလမ်းထောင့်ရှိ ခြုံပုတ်အတွင်း၌ မသင်္ကာဖွယ်ရာပစ္စည်းများတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာ ခြုံပုတ်အတွင်း၌ အကြမ်းဖက် PDF များထောင်ထားသည့် PVC ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း(အဟောင်း) ၉ လုံး သိမ်းဆည်းရမိခဲ့သဖြင့် သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၁၃ ရက် ၀၃၄၅ နာရီတွင် စက်ခေါင်းမောင်း ဦးခင်မောင်သန်း မောင်းနှင်လာသည့် ခရီးသည် ၂၀၆ ဦး တင်ဆောင် လာသော စက်ခေါင်းအမှတ်၊ DF-1083 (အတွဲ ၂၉ တွဲပါ) မန္တလေး – ရန်ကုန်၊ အမှတ်(၆)အစုန်ရထားသည် ညောင်လေးပင်မြို့နယ်၊ သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာကြား မီးရထားကြေးနန်း မိုင်တိုင်အမှတ် (၁၀၃/၂၄)နှင့် (၁၀၄/၁)ကြား တံတားအမှတ်၊ ၁၄၇ အနီး ခမ(KA-၅၁၅၀၂၃)သို့ ရောက်ရှိစဉ် KNU/PDF အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် မီးရထားလမ်း ၂ ပေခန့်ပြတ်တောက်ခဲ့ပြီး ၁၅ ပေခန့်မှာ ကွေးကောက်သွားခဲ့ကာ စက်ခေါင်းတွဲ တိမ်းမှောက်၍ လူစီးတွဲ ၃ တွဲမှာ ရထားလမ်း၏ ဝဲဘက်သို့ တိမ်းစောင်းခဲ့ကြောင်းနှင့် ခရီးသည်များ ထိခိုက်မှုမရှိကြောင်း၊ ဖြစ်စဉ်နေရာသို့ လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ပြီး မီးရထားလမ်းအား တိုင်း(၆) ညွှန်မှူး ဦးညီညီလွင် ဦးစီးအဖွဲ့ဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ။