ဒရုန်းဖြင့်တိုက်ခိုက်ရလို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ဒဏ်ရာရတယ်လို့ Khit Thit မှ သတင်းအမှားရေး

နိုဝင်ဘာလ ၆ ရက် ညနေ ၅ နာရီခန့်က ဒီပဲယင်းမြို့မရဲစခန်း နောက်ဘက်ရှိ ကင်းဂိတ်ကို ဗုံးသီး ၁ လုံး၊ တပ်နှင့် ပျူစောထီးများ စုဝေးနေထိုင်သည့် ဝန်ထမ်းအိမ်ယာကို ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ *** နိုဝင်ဘာလ ၆ ရက်နေ့၌ ဒီပဲယင်းမြို့မရဲစခန်းဝန်းအတွင်းရှိ ကလေးသူငယ်များနှင့် မိသားစုဝင်များ နေထိုင်ရာ ဝန်ထမ်းအိမ်ယာအား PDF များက လူစိတ်ကင်းမဲ့စွာ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ PDF တွေ မဆင်မခြင်လုပ်တဲ့ လုပ်ရပ်ကို Khit Thit မှ အမှန်မရေးဘဲ အများပြည်သူများ အထင်အမြင်မှားအောင် လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။