ထူးထူးခြားခြားကိုရီးယားကြက်ကြော်ပူစပ်လေးနဲ့ ခနောဆန်ပြုတ်အတွဲအစပ်

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ ၃၀ ကျပ်သား (၅၀၀ ဂရမ်)
  • ချင်း လက်နှစ်ဆစ်ခန့် ၊ ထောင်းပြီး အရည်ညှစ်ထားပါ
  • ကိုရီးယားငရုတ်သီးမှုန့် ထမင်းစားဇွန်း ၂ ဇွန်း
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပြောင်းကော်မှုန့် ထမင်းစားဇွန်း ၅ ဇွန်း
  • တန်ပူရာအကြော်မှုန့် ၁ ထုပ်
  • Chili Garlic Sauce ထမင်းစားဇွန်း ၄ ဇွန်း
  • ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကိုရီးယားငရုတ်အနှစ် ထမင်းစားဇွန်း ၂ ဇွန်း
  • ရေ ထမင်းစားဇွန်း ၇ ဇွန်း
  • ခနောဆန်ပြုတ် ၁ ထုပ်
  • ရေ ၂၅၀ မီလီလီတာ
  • ဆီ ၄၀ ကျပ်သား (၆၅၀​ ဂရမ်)
  • နှမ်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင် ၊ ခပ်သေးသေးလှီးဖြတ်ထားပါ

ချက်ပြုတ်ပြင်ဆင်ပုံ

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ ၃၀ ကျပ်သား (၅၀၀ ဂရမ်)
  • ချင်း လက်နှစ်ဆစ်ခန့် ၊ ထောင်းပြီး အရည်ညှစ်ထားပါ
  • ကိုရီးယားငရုတ်သီးမှုန့် ထမင်းစားဇွန်း ၂ ဇွန်း
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပြောင်းကော်မှုန့် ထမင်းစားဇွန်း ၅ ဇွန်း
  • တန်ပူရာအကြော်မှုန့် ၁ ထုပ်
  • Chili Garlic Sauce ထမင်းစားဇွန်း ၄ ဇွန်း
  • ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကိုရီးယားငရုတ်အနှစ် ထမင်းစားဇွန်း ၂ ဇွန်း
  • ရေ ထမင်းစားဇွန်း ၇ ဇွန်း
  • ခနောဆန်ပြုတ် ၁ ထုပ်
  • ရေ ၂၅၀ မီလီလီတာ
  • ဆီ ၄၀ ကျပ်သား (၆၅၀​ ဂရမ်)
  • နှမ်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင် ၊ ခပ်သေးသေးလှီးဖြတ်ထားပါ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ချင်းရည်၊ကိုရီးယားငရုတ်သီးမှုန့် ထမင်းစားဇွန်း ၁ ဇွန်း၊ကြက်သားမှုန့်တို့နဲ့ ကြက်တောင်ပံများအား နယ်ပြီး ၁ နာရီခန့် နှပ်ထားပါ။
  2. ပြောင်းကော်မှုန့်နဲ့ အကြော်မှုန့်များကို ကိုရီးယား ငရုတ်သီးမှုန့် တစ်ဇွန်းထည့်ပြီး သမအောင် မွှေထားပါ။
  3. တစ်နာရီပြည့်ပါက နယ်ထားသော ကြက်သားများအား သမအောင်မွှေထားသော အကြော်မှုန့်များနဲ့ လူးထားပါ။
  4. ဆီ လေးဆယ်သားခန့် အား အိုး နက်နက် တစ်ခုမှာ အပူပေးထားပါ။
  5. ဆီများ ပူလာပါက မီးအရှိန်ပြန်လျှော့ပြီး အကြော်မှုန့် လူးထားတဲ့ ကြက်တောင်ပံများအား မီးအေးအေးနဲ့ မိနစ် ၂၀ လောက် ကြော်ပြီး ရွှေအိုရောင်သမ်းလာရင် ဆီစစ်ပြီး ဆယ်ထားပါ။
  6. Sauce ကျိုဖို့ အိုးအသစ်တခုမှာ Chili Garlic Sauce များကို ရေ ၇ ဇွန်းလောက်ထည့်ပြီး ပွက်ပွက် ဆူအောင် တည်ထားပါ။
  7. ပွက်ပွက်ဆူလာပါက ပဲငံပြာရည်၊သကြား၊ပျားရည်၊ကိုရီးယားငရုတ်အနှစ်တို့ထည့်ပြီး ပျစ်လာတဲ့အထိ တည်ပါ။
  8. ပျစ်လာပါက အိုးမှ ချပြီး ကြော်ထားသော ကြက်သားများဖြင့် လူးပါ။
  9. နှမ်းအနည်းငယ် ဖြူးပြီး ဆန်ပြုတ်၊ကြက်သွန်မြိတ်တို့နဲ့ တွဲဖက်စားဖို့ အဆင်သင့် ပြင်ပါ။
  10. အိုးအသစ်တစ်လုံးတွင် ခနော ဆန်ပြုတ်ထုတ်အား ဖောက်ထည့်၍ ရေ ၂၅၀ မီလီလီတာနဲ့ ဆူပွက်လာအောင်ပြုတ်ပါ။ဆူပွက်လာပါက မီးလျှော့ပြီး အကျဲ ကြိုက်ပါက ၃ မိနစ်ခန့် မွှေပြီး ချပါ။အပျစ်ကြိုက်ပါက ၅ မိနစ်ခန့် မွှေပြီး မီးဖိုပေါ်မှ ချကာ ကိုရီးယားကြက်ကြော်အစပ်နဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ။
  11. မှတ်ချက်။ ။ အရသာအပြင်းကြိုက်ရင် အသားနယ်ရင် ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းလောက် ပိုထည့်နယ်ပေးပါ။ Sauce ကျိုတဲ့အခါမှာလည်း အရသာစပ်စပ်လေးလိုချင်ရင် Chili Garlic Sauce ကို စုစုပေါင်း ၇ ဇွန်းလောက်ထည့်ပြီး ရေ ၁၀ ဇွန်းနဲ့ ကျိုနိုင်ပါတယ်။