လျှပ်စစ်ကားထုတ်လုပ်ရေးကိုထောက်ပံ့ပေးမယ့် လစ်သီယမ်သတ္တုသိုက်ကြီး တွေ့ရှိ

ထိုင်းနိုင်ငံ ဖန်းငါးပြည်နယ်က သတ္တုတွင်းနှစ်ခုမှာ ဒေသတွင်း လျှပ်စစ်ကားထုတ်လုပ်မှုဗဟိုချက်မဖြစ်လာဖို့ နိုင်ငံရဲ့ရည်မှန်းချက်ကိုထောက်ပံ့ပေးမယ့် လစ်သီယမ်သတ္တု တန်ချိန် ၁၄.၈ သန်းအထိ ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း ထိုင်းစက်မှုဝန်ကြီးဌာနက အတည်ပြုပြောကြားလိုက်ပါတယ်။

လစ်သီယမ်သတ္တုဟာ လျှပ်စစ်ကားတွေအတွက် ဘက်ထရီပြုလုပ်ရာမှာ အဓိကအစိတ်အပိုင်းဖြစ်ပြီး လျှပ်စစ် ကားဘက်ထရီဟာ လျှပ်စစ်ကားထုတ်လုပ်ရာမှာ အဓိကကုန်ကျစရိတ်အများဆုံးဖြစ်တယ်လို့ သိထားကြပါ တယ်။

ဖန်းငါးပြည်နယ်မှာ အခုလို အရွယ်အစားကြီးမားတဲ့ လစ်သီယမ်သတ္တုသိုက်ကြီးရှာဖွေတွေ့ရှိလိုက်တဲ့အပြင် ထိုင်းနိုင်ငံ အရှေ့မြောက်ဒေသမှာလည်း ဆိုဒီယမ်သတ္တုသိုက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိထားကြောင်းသိရပြီး ဆိုဒီယမ်သတ္တုဟာလည်း ဈေးနှုန်းသက်သာတဲ့ လျှပ်စစ်ကားဘက်ထရီပြုလုပ်ရာမှာ အသုံးပြုနိုင်ကြောင်းသိရပါတယ်။ #Crd