တောနော်ရေတံခွန်အနီး မြေပြိုကျရာမြေစာများ လမ်းပေါ်ပိတ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ် – မြဝတီသွား အာရှလမ်းမကြီး၊ တောနော်ရေတံခွန်အနီး  မိုင်တိုင်အမှတ် (၁၅၄/၁၅၅) အကြားနေရာ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်း၏ယာဘက်ခြမ်းရှိ တောင်ကမ်းပါးယံမှ မြေပြိုကျပြီး ပေ ၆ဝ အရှည်ခန့်ရှိ မြေစာများ လမ်းပေါ်ကျရောက် ပိတ်လျှက်ရှိကြောင်း သိရသည်။