တောင်အာဖရိက၌ ဘတ်စ်ကားချောက်ထဲကျ ကလေးတစ်ဦးသာ အသက်ရှင်

တောင်အာဖရိက၌ အီစတာပွဲတော်သွားမည့် ဝတ်ပြုခရီးသည်များကို တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် တောင်ကြားလမ်းရှိ တံတားပေါ်မှ အောက်သိုထိုး-ကျကာ မီးလောင်ပြီး လူ ၄၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသိရပါတယ်။
အဆိုပါမတော်တဆမှုအတွင်း တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူမှာ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်ပြီး ဒဏ်ရာပြင်းထန်တယ်လို့လည်းသိရပါတယ်။
အဆိုပါဘတ်စ်ကားသည် Mmamatlakala အမည်ရှိ တံတားပေါ်မှအရှိန်လွန်ကာ မီတာ ၅၀ (၁၆၄ ပေ) အနက်ရှိသည့် လျှိုထဲသို ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ #Crd