တောင်ဒဂုံမြို့နယ်၌ ကလေးတစ်ဦးအား စွန့်ပစ်သွား

ဒီဇင်ဘာ ၁၈ရက်‌ နေ့လည် ၁နာရီအချိန်ခန့်က ဒဂုံတောင်အမှတ်(၁၀၅)ရပ်ကွက်၊ မင်းရဲကောင်းပုံလမ်းနှင့် ရေနံသာ
လမ်းဘေးရှိ စျေးဆိုင်အလွတ်ခုံပေါ်တွင် အသက်တစ်နှစ်ခွဲခန့် ယောက်ကျားလေးတစ်ဦးအား လာရောက်စွန့်ပစ်သွား
သဖြင့် (၁၀၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တောင်ဒဂုံမြို့နယ်ကလေးများအတွက် အလင်းတန်းကလေး သူငယ်
ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တို့မှ ကလေးအား (၁၀၅)ရပ်ကွက်တွင် ခေတ္တထိန်းသိမ်း စောင့်ရှောက်ထားပြီး
သက်ဆိုင်ရာဌာနအသီးသီးသို့ ဆက်သွယ်အကြောင်းကြား၍ လိုအပ်သောလမ်းညွှန်မှုများဖြင့် ဆက်လက်ဆောင်ရွက်သွား
မှာဖြစ်ပါတယ်။ မသမာသူတွေက ကလေးကို ခိုးလာပီးမှ ပြန်စွန့်ပစ်သွားတာလား၊ မိဘတွေကပဲ စွန့်ပစ်သွားသလား
မသိရတာကြောင့် ကလေးအားသိရှိပါက…
(၁၀၅)အုပ်ချုပ်ရေးမှူးရုံးနှင့် ၀၉၄၅၆၃၅၆၄၆၅ နှင့်၀၉၄၂၀၇၇၃၈၃၆ သို့ ဆက်သွယ်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။