ဧပြီလ ၂၄ ရက်နေ့ တိုက်ပွဲသတင်းများ

ဧပြီ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။

ရှမ်းပြည်(မြောက်ပိုင်း)

လားရှိုးမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ဆိုင်ကယ် ၁ စီးဖြင့် ယူနီဖောင်းဝတ် သောင်းကျန်းသူ ၁ ဦးအား တွေ့ရှိသဖြင့် ပိတ်ဆိုဖမ်းဆီးရာ MNDAA ၊ ရင်း(၂၀၂) မှ တပ်သားအဆင့်ရှိသူ တစ်ဦးအား အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၁၂၀ တောင့်၊ လွယ်ကြိုး ၁ ချောင်း၊ လက်ပစ်ဗုံး ၄ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့။

ရှမ်းပြည်(တောင်ပိုင်း)

ဆီဆိုင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် KNDF/PNLO နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၆၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

KNDF/PNLO ၅ လောင်း

ကရင်ပြည်နယ်

ကော့ကရိတ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် လှိုင်စိမ်းရွာအရှေ့မြောက်ဘက်သို့အရောက် လူနေပျဉ်ထောင်အိမ်အတွင်းမှ-။

လက်လုပ်သေနတ် ၁ လက်၊ RPG ဒုံးသီး ၃ လုံး၊ ပို့ကျည် ၂ တောင့်၊ နင်းမိုင်း ၄ လုံး၊ အမ်(၁၆) ကျည်အိမ် ၅ ခု၊ ကျည် ၂၅ တောင့် သိမ်းဆည်းရမိခဲ့။

စစ်ကိုင်းတိုင်း

စစ်ကိုင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ထုံးဘိုကျေးရွာအနောက်မြောက်ဘက်သို့အရောက် PDF အကြမ်းဖက် ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

လက်လုပ်စိန်ပြောင်း ၂ လက်၊ ဗုံးသီး ၄၀ လုံး၊ လက်လုပ်မိုင်း ၃ လုံး၊ Drone ၁ စီး၊ ဝါယာကြိုး ၃ ခွေ သိမ်းဆည်းရမိခဲ့။

ယင်းမာပင်မြို့နယ် ဘန်ဘွေးကျေးရွာဝန်းကျင်တစ်ဝိုက်နယ်မြေရှင်းလင်းစဉ် ၎င်းကျေးရွာအနောက် တောင်ဘက်သို့အရောက် PDF အကြမ်းဖက် ၁၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

လက်လုပ်စိန်ပြောင်း ၈ လက်၊ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၄ လုံး၊ ယမ်းကြိုး ၁ ခွေ၊ ဆိုင်ကယ်မျိုးစုံ ၅ စီး သိမ်းဆည်းရမိခဲ့။