တရုတ်၊ မကာအိုတို့နှင့် နိုင်ငံတကာ ခြေစမ်းပွဲကစားမည့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းထုတ်ပြန်

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် မိုက်ကယ် (Michael Feichtenbeiner) သည် တရုတ်၊ မကာအို အသင်းများနှင့် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲ သွားရောက်ယှဉ်ပြိုင် ကစားရန် ကစားသမား ၂၄ ဦးပါဝင်သည့် မြန်မာ့လက်ရွေးစင် အသင်း လူစာရင်းကို ထုတ်ပြန်ကြေညာလိုက်သည်။

မြန်မာ့လက်ရွေးစင် အသင်းလူစာရင်း
ဂိုး – ပြည့်ဖြိုးသူ (ရတနာပုံအက်ဖ်စီ)၊ ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန် ယူနိုက်တက်)
နောက်တန်း – ဇွဲခန့်မင်း၊ ရဲမင်းသူ၊ နန္ဒကျော်၊(ရှမ်းယူနိုက်တက်)၊ ဟိန်းဖြိုးဝင်း (Ratchaburi)၊ သက်ဟိန်းစိုး (ရတနာပုံအက်ဖ်စီ)၊ ဟိန်းဇေယျာလင်း (ရန်ကုန်ယူနိုက်တက်)၊ သီဟထက်အောင် (ရခိုင် ယူနိုက်တက်)၊
အလယ်တန်း – ဝေလင်းအောင် (ဒဂုံစတား)၊ ရန်နိုင်ဦး (ရန်ကုန်ယူနိုက်တက်)၊ ကျော်မင်းဦး (PDRM)၊ ငြိမ်းချမ်းအောင် (Muang Trang UTD)၊ လွင်မိုးအောင် (Rayoung FC)၊ မောင်မောင်လွင် (Lamphun Warriors)၊ ဟိန်းထက်အောင် (Selangor FC)၊ ဇော်ဝင်းသိန်း (ရန်ကုန်ယူနိုက်တက်)၊ မြတ်ကောင်းခန့်၊ ထက်ဖြိုးဝေ (ရှမ်းယူနိုက်တက်)
ရှေ့တန်း – သန်းပိုင် (Free Agent)၊ စည်သူအောင် (Ayutthaya UTD)၊ အောင်ကောင်းမာန် (Chonburi FC)၊ ဝင်းနိုင်ထွန်း (Borneo)