တရုတ်က ရှူသွင်းနိုင်သော ကိုဗစ်ကာကွယ်ဆေးကို စတင်ထုတ်လုပ် အသုံးပြု

တရုတ်နိုင်ငံက ဆေးထိုးအပ် အသုံးပြုပြီး ထိုးသွင်းရသည့် ကာကွယ်ဆေးများအစား ပါးစပ်မှတစ်ဆင့် ရှူသွင်းနိုင်သော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို

စတင်ထုတ်လုပ် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ပထမဆုံးဖြစ်သည့် အဆိုပါရှူသွင်းနိုင်သော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကန်ဆိုင်နိုဆေးဝါး ကုမ္ပဏီက ထုတ်လုပ်ခြင်း ဖြစ်သည်။

ဆေး၏ပုံစံသည်  ကော်ဖီခွက်ကဲ့သို့သော ခွက်ရှိအပေါက်ငယ်မှနေ၍ ပါးစပ်ဖြင့် ရှူသွင်းရသည့်ပုံစံဖြစ်ပြီး ယခုအခါ ပြည်သူအချို့မှာ အဆိုပါဆေးဖြင့် ကာကွယ်မှုများကို ရယူနေပြီဖြစ်သည်။

“ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ ပထမဆုံးသော ခံစစ်စည်းက အသက်ရှူလမ်းကြောင်း စနစ်မှာရှိတဲ့ အမြှေးပါးများဖြစ်ပါတယ်။ ဒါကြောင့်  ကိုယ်ခံအား တက်လာစေရေးအတွက်

သူတို့ကို တိုက်ရိုက်နှိုးဆွပေးလိုတာကြောင့် အခုလိုရှူသွင်းရတဲ့ ကာကွယ်ဆေးကို အသုံးပြုရတာဖြစ်ပါတယ်” ဟု  ရှန်ဟိုင်းပေါင်းစည်း မိသားစုဆေးရုံ ကျန်းမာရေးမှူး ဒေါက်တာကျောင်းဝှေက ပြောသည်။

အဆိုပါနည်းပညာသည် ပထမဆုံးသော နည်းပညာဖြစ်ကြောင်း၊ ထိုသို့ရှူသွင်းနိုင်သည့် ကာကွယ်ဆေးသည် ရောဂါပိုးကူးစက်မှုကို ကာကွယ်နိုင်စွမ်း ရှိသည်သာမက

ကာကွယ်ဆေး ကြောက်ရွံ့မှုကိုလည်း   လျော့ပါးစေသောကြောင့် အရေးကြီးသော နည်းပညာဖြစ်ကြောင်း သြစတြေးလျရှိ စိန့်ဗင်းဆင့်ဆေးရုံမှ တာဝန်ရှိသူ ဒေါက်တာအာဝင်လိုက ပြောသည်။

“ဆေးထိုးအပ်ကို ကြောက်ကြတဲ့ လူအများကြီးရှိတာကြောင့် ကာကွယ်ဆေးထိုးခြင်းကို လက်မခံတဲ့သူလည်း များပါတယ်။ ဒီလိုကြောက်ရွံ့မှုကို ထုတ်ဖော်ပြောကြလေ့ မရှိသော်လည်း

သူတို့စိတ်ထဲမှာတော့ ရှိပါတယ်။ အခုတော့ ရှူသွင်းနိုင်တဲ့ ကာကွယ်ဆေးများက ကိုဗစ်-၁၉ ကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ များရဲ့ ကာကွယ်ဆေးများအတွက် အနာဂတ်ဖြစ်လာနိုင်ပါတယ်” ဟု ပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။