ဇွန်လ ၁၂ ရက်နေ့မှုခင်းသတင်းများ

ဇွန်လ ၁၀ ရက်နေ့ ၂၂၀၀ နာရီချိန်တွင် အကြမ်းဖက်သမားများမှ ဘားအံမြို့နယ်၊ ကျုံမှိန်ကျေးရွာဘက်ရှိ ဒုံမိတံတားဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် မိုင်တိုင်အမှတ်(၁၄)ကီလိုမီတာအနီးကျရောက်ပေါက်ကွဲခဲ့ပြီး ဖြတ်သန်းသွားလာနေသည့် ဇော်မင်းထွန်း (၄၇) နှစ်အား ထိမှန်ခဲ့ကာ သေဆုံးသွားခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၁၁ ရက်နေ့ ၀၉၃၀ နာရီချိန်တွင် မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာအုပ်စု၊ ယက္ကန်းစင်တောင်ကျေး၇ွာအနီးတွင် အသက်(၃၅) နှစ်ခန့် နှင့် အသက် (၃၀) ခန့်ကျား (၂) ဦးအားလက်ပြန်ကြိုးတုပ်လျှက် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့်သေဆုံးလျက်တွေ့ရှိရ..

ဇွန်လ ၁၁ ရက်နေ့ ၀၅၅၀ နာရီချိန်တွင် ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာတွင် နေထိုင်သော ဦးမြင့်လွင်(၅၄) နှစ်နှင့် ဦးဆန်းထွန်း(ခ) ဦးနက်တိုး(၅၀) နှစ် (၂) ဦးသည်၎င်းတို့အိမ်၌၇ှိနေစဉ် အကြမ်းဖက်PDF အင်အား ၁၅ ဦးခန့်မှ ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအား သတ်ဖြတ်၍ ၎င်းတို့နေအိမ်အတွင်းမှ ငွေကျပ် ၄၈ သိန်းနှင့် ရွှေ ၈ ကျပ်သား ခန့်ကိုပါ ယူဆောင်သွားခဲ့ကြောင်း သိရှိရ..