ဆီချက်ခေါက်ဆွဲလုပ်စားကြမယ်

ပါ၀င်ပစ္စည်းများ….

(၁) ခေါက်ဆွဲ
(၂) ကြက်သား
(၃) ဆီ
(၄) ကြက်သွန်ဖြူ
(၅) အရသာမှုန့်
(၆) ပဲငံပြာရည် {အနောက်ရည်}
(၇) ကြက်သွန်မြိတ်
(၈) ငရုတ်ကောင်းမှုန့်

ပြုလုပ်နည်း…..

(၁) ကြက်သားပြုတ်ပြီးပါးပါးလှီးထားပါ။

(၂) ကြက်သွန်ဖြူကိုမီးအေးအေးဖြင့် ဆီချက် ချက်ပြီး ကြက်သွန်ဖြူများဆယ်ထားပါ။

(၃) လှီးထားသောကြက်သားများကိုဆီချက်အနည်းငယ်နဲ့ (၃)မိနစ်ခန့်လှိမ်းပေးပါ။

(၄) ပြီးလျှင် ခေါက်ဆွဲကိုရေနွေးဆူဆူနဲ့ ပြုတ်ပြီးဆယ်ယူပါ။

(၅) ခေါက်ဆွဲပူနေချိန်မှာ အရသာမှုန့် ၊ ပဲငံပြာရည်အနည်းငယ်၊ လှိမ့်ထားသောကြက်သား၊ဆီချက်တိုနဲ့ ရောနယ်ပေးပါ။
{ပူနေချိန်နယ်ပေးခြင်းက ခေါက်ဆွဲသားကိုပိုအိစေပြီးအရသာ ကိုပို၀င်စေပါတယ်။

(၆) ရရှိလာသောခေါက်ဆွဲပေါ်သိုကြက်သွန်ဖြူ ဆီချက်၊ကြက်သွန်မြိတ် ၊ ငရုတ်ကောင်းအနည်းငယ်ဖြူးပါ။
ဒါဆို ရင် ကြက်သားဆီချက်နံ့လေးနဲ့ မွှေးပျံနူးအိနေသော ဆီချက်ခေါက်ဆွဲလေးကို သုံးဆောင်လိုရပါပြီရှင့်….

ကြက်သား
ကြက်အရေခွံ
ကြက်သွန်ဖြူ
ကြက်သွန်မိတ်
ကြက်သားမှုန့်
ပဲငံပြာရည်အကြည်
ငရုတ်ကောင်းမှုန့်
ခေါက်ဆွဲအစို(သို)ခေါက်ဆွဲအခြောက်
ဆီ

ပြုလုပ်နည်း

ကြက်အရေခွံကို ရေဆေးပြီး အရာသာနယ်ပါ
ဒယ်အိုးတည်ပြီးကြက်အရေခွံတွေထည့်ပြီး လှိမ့်ပေးပါ၊ကြက်အရေခွံတွေကြွပ်လာတဲ့အထိ လှိမ့်ပေးပါ
သူ့ဘာသာ ကြက်အဆီတွေ ထွက်လာပါလိမ့်မယ်
ဆီပေါက်တတ်တာကိုတော့ သတိထားပါ

ကြက်သားကို ရေဆေးပြီး ဆား၊အချိုမှုန့်၊ငံပြာရည်နဲ့နယ်ပြီးကြက်သွန်ဖြူ၊ဂျင်းဓားပြားရိုက်ပြီး အသားနူးအောင်ပြုတ်ထားပါ၊ နူးရင်တော့ အသားလေးတွေ ထွင်ထားပါ

ကြက်သွန်ဖြူကို ထောင်းပါ ဆီအိုးတည် ဆီဆူရင် ထောင်းထားတဲ့ ကြက်သွန်ဖြူကို ထည့်ပါ၊မီးမကျွင်းအောင် သတိထားပါ ကြက်သွန်ဖြူဆီချက်ရပါပြီ

ခေါက်ဆွဲအစိုကို သုံးမယ်ဆို ရေနွေးဆူတဲ့အထဲကို ခေါက်ဆွဲထည့်ပြီး ပြန်ဆယ်ပါ
ခေါက်ဆွဲအခြောက်သုံးရင်တော့ ခေါက်ဆွဲကိုပြုတ်ပပြီး ရေဆေးလိုက်ပါ

ပြင်ဆင်နည်း

ခေါက်ဆွဲထည့်ပါ၊ကြက်သားမျှင်ထည့်ပါ၊ကြက်အခွံဆီ၊ကြက်သွန်ဖြူဆီချက်၊ကြက်သားမှူန့်၊ပဲငံပြာရည်အကြည်၊ငရုတ်ကောင်းမှုန့်၊ကြက်သွန်မိတ်၊ကြက်သားမှုန့်၁ဇွန့်ထည့်ပြီး မွှေလိုက်ပါ
ဒါဆို အရသာရှိတဲ့ အိမ်လုပ်ကြက်သားဆီချက်ခေါက်ဆွဲလေးရပါပြီနော်

ကြက်သားအပြင် ဝက်သား၊ဘဲသားတိုနဲ့လည်း ဒီနည်းအတိုင်းလုပ်စားလိုရပါတယ်

ကြက်အရေခွံကို ကြက်သားဆိုင်မှာဝယ်လိုရသလို၊ကြက်သားဝယ်ရင် အရေခွံထားတွေဆုပ်ထားပြီးလည်း လုပ်လိုရပါတယ်
တကယ်လို အရေခွံမရှိလည်း ကြက်သွန်ဖြူဆီချက်လေးနဲ့ပဲ စားလည်းကောင်းပါတယ်နော်