စိတ်….

မနာလိုစိတ် အားကြီးလာပြီ ဆိုရင်
ကောက်ကျစ်တတ်လာကြတယ် ၊
ကောက်ကျစ်တဲ့စိတ် အားကြီးလာပြီ
ဆိုရင် ယုတ်မာ တတ်လာကြတယ် ၊
ယုတ်မာတဲ့စိတ် အားကြီးလာပြီ ဆိုရင်
ရက်စက်တတ်လာကြတယ် ၊
ရက်စက်မှု အားကြီးကြီးနဲ့ လုပ်ပြီးရင်
ကြောက်စိတ်ဝင်လာတတ်ကြတယ် ၊
ကြောက်စိတ် အားကြီးပြီ ဆိုရင်
အယောင်ယောင်အမှားမှားတွေ
လုပ်လာကြတယ် ၊
အယောင်ယောင် အမှားမှားတွေ
လုပ်ရင်း နောက်ဆုံး ပျက်စီး
ကျဆုံးသွားကြတာပဲ ၊

“ဣဿာ၊ မစ္ဆရိယ” ဆိုတဲ့
မနာလို ဝန်တိုတဲ့စိတ်ဟာ
အမှန်တကယ် ကိုယ့်ဟာကိုယ်
ဖျက်ဆီးနေတဲ့ စိတ် ပါပဲ ၊

“ပျက်စီးချိန်တန်လာပြီ” ဆိုရင်
ဘယ်လိုအဆောင်၊ ဘယ်လိုယတြာမှ
မစွမ်းနိုင် မကယ်နိုင်တော့ဘဲ
ကျိန်းသေ ပျက်စီးရမှာပါပဲ ။

(ဆရာတော်ကြီး ဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသ)🙏