စာသင်ကျောင်းအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့ ၊ သိန်းချောင်းကျေးရွာရှိ စာသင်ကျောင်း အတွင်းမှ အကြမ်းဖက် PDF များ၏ လက်နက် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါတယ်။
အောက်တိုဘာလ ၁၄ ရက် နံနက် ၈ နာရီခန့်တွင် ဆားတောင်မြို့ သိန်းချောင်း ကျေးရွာအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အသေးစိတ်ဝင်ရောက်ရှင်းလင်းရာ စာသင်ကျောင်းအတွင်း၌ အကြမ်းဖက် PDF များ ယုတ်မာ ကောက်ကျစ်စဉ်းလဲစွာ ထားရှိထားသော

  • လက်လုပ်သေနတ်(အရှည်) ၃ လက်
    -လက်လုပ်စိန်ပြောင်း(၃ လုံးတွဲ) ၁ လက်
  • လက်လုပ်ဗုံးသီးမျိုးစုံ ၂၂ လုံး
  • လက်လုပ်ဗုံးသီးဒလက် ၁၄ ခု
  • လက်လုပ်မိုင်း ၆ လုံး
  • ယမ်းမည်း(၁၅ ပိဿာခန့်) ၁ အိတ်
  • ယမ်းဖြူ(၁၅ ပိဿာခန့်) ၁ အိတ်
  • ယမ်းကြိုးခွေ ၁ ခွေ
  • NLD အလံ ၁ ထည်
  • ဆိုင်ကယ် ၂ စီး
  • ကျည်ကာအင်္ကျီ ၁ ထည်
  • ဝရိန်ပုံး ၁ ပုံးတို့အားသိမ်းဆည်းရရှိကြောင်း သိရရှိရပါသည်။