စတေးခံအသက်တွေနဲ့ ပေးဆပ်ခဲ့ပေမဲ့
ထွေးဖက်မဲ့လက်တွေဟာ နွေးထွေးမူ့တွေမပါဘူး
အိမ်ပြန်လမ်းဆိုတာ
ဘယ်စီမှန်းမသိတဲ့ စစ်မြေမှာ
သေနတ်ကျည်ဆံ ဗုံးသံတွေနဲ့
မြူတူးပျော်ပါးနေရတဲ့လူကြမ်းတွေ….
အိမ်ဆိုတာ သားရဲတွင်းထက်မှာ
အလုအယက်နဲ့ အသက်ချင်း
ထပ်ပြီးနေနေရတဲ့
စစ်စခန်းမြေပေါ့……
ငယ်ရွယ်နုပျိုမှုလူငယ်ဘဝကို
တောတောင်တွေကြားမှာ
ပေးဆပ် အသက်တွေနဲ့
ငြိမ်းချမ်းရေးဆိုတာကို
ထွန်ယက်နေတဲ့သူတွေပေါ့……
ခင်ဗျားတို အေးချမ်းစွာ အိပ်စက်ရဖို
ကျုပ်တိုကရာဇဝင်ထဲက
လူမိုက်အဖြစ်နဲ့ စစ်တိုက်ပါ့မယ်
ခင်ဗျားတိုကတော့
လူ့အခွင့်ရေးဆိုပြီ ဟစ်နေကြပေါ့…….
တာဇံ ဒေါနမြေ
Crd
SMYN