စစ်တွေမြို့ရှိ ထိုင်တော်မူ ရန်ပြေမာန်ပြေဘုရားကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာင်္ဂလာပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကစ္ဆပနဒီရပ်ကွက်ရှိ ထိုင်တော်မူ ရန်ပြေမာန်ပြေ ဘုရားကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာကို ဘုရား ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဩဝါဒါစရိယ စစ်တွေမြို့၊ ဓမ္မသုခဘုန်းတော်ကြီးကျောင်းတိုက် ၊ ဆရာတော်ဘဒ္ဒန္တသောမ အမှူး ပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရခိုင်မင်္ဂလာစည်တော်ဝိုင်းမှ စည်တော်ယွန်း၍ တီးခတ်ပူဇော်ကာ ရခိုင်တေးသံရှင်များက ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာ အလင်္ကာများနှင့် ရတုတို့ဖြင့် သီဆိုပူဇော်ကြသည်။ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့တယ်လို့သိရပါတယ်။