စစ်ကိုင်းတိုင်းထဲက အကြမ်းဖက် PDF တွေပြည်သူတွေကို ဘာတွေလုပ်ခဲ့သလဲ

စစ်ကိုင်းတိုင်းထဲမှာ အကြမ်းဖက် PDF တွေအနေနဲ့ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ပြည်သူလူထုကို အမျိုးမျိုးဒုက္ခတွေပေးခဲ့လို့ အခုဆိုရင်ပြည်သူတွေမှာ ဒုက္ခတွေအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ တပ်မတော်က အာဏာထိန်းပြီးတဲ့အချိန်ကနေ ယနေ့အထိ PDF တွေရဲ့ အကြောင်းမဲ့သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့စာရင်းတွေကိုရော သိပြီးကြပြီလား?

ဒီလို PDF တွေရက်ရက်စက်သတ်ခဲ့တဲ့အကြောင်းအရာတွေ လှုမှုစာမျက်နှာမှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်ရင်..မြန်မာနိုင်ငံကိုပျက်စီးစေချင်တဲ့ ကုလသမဂ္ဂ တို့ရော အနောက်နိုင်ငံတွေရော စိတ်မကောင်းတာလည်းမဖြစ်၊ ဝမ်းနည်းကြောင်းတွေလည်း မပေးပို့ခဲ့ဘူး….ဒီအကြောင်းအရာတွေကို မသိတာလား? မသိချင်ယောင်ဆောင်ထားတာလား? မသိချင်ယောင်ဆောင်ရင်၊ မသိရင်လည်း သိအောင် ပြောပြချင်ပါတယ်…

ဗုံးခွဲတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်စီးမှု

တပ်နှင့် ရဲ လုံခြုံရေးဂိတ်စခန်း—၃၉၉ကြိမ်

ဌာနဆိုင်ရာရုံးများနှင့်မြို့ပြအဆောက်အဦးများ–၁၉၀ ကြိမ်

စာသင်ကျောင်းများနှင့် တက္ကသိုလ်ကျောင်းတပ်များ–၁၂၄ ကြိမ်

ဆေးရုံ/ဆေးပေးခန်း၊ ပရဟိတအဆောက်အဦး—-၅ ကြိမ်

လူနေ အဆောက်အဦး–၂၆၄ ကြိမ်

စက်ရုံ/အလုပ်ရုံများ–၁၀ ကြိမ်

ဈေးဆိုင်/ စတိုးဆိုင်နှင့်ဈေးများ–၄၈ ကြိမ်

ဘဏ်အဆောက်အဦး–၂၆ ကြိမ်

လမ်း- တံတား၊ ရထား၊ တိုးဂိတ်—၃၇၀ ကြိမ်

တာဝါတိုင်/ ဆက်သွယ်ရေး–၁၅၆ ကြိမ်

အခြားနေရာများ၌ ပေါက်ကွဲမှု –၈၀၃ ကြိမ်

အကြမ်းဖက် သတ်ဖြတ်မှုကြောင့် သေဆုံးမှုများ

ဘုန်းကြီး–၂၈ ပါး

ရစဖမှူး–၉၂ ဦး

စစ်မှုထမ်းဟောင်း–၁၅ ဦး

အရပ်သား/ ဒလန်/ USDP/ NLD / အခြားပါတီဝင်များ–၁၅၉၃ ဦး

ဆရာ/ဆရာမ–၂၆ ဦး

ကျန်းမာရေးဝန်ထမ်း–၇ ဦး

အခြားဝန်ထမ်း–၅၄ ဦးနှင့် စုစုပေါင်း ၂၀၈၉ ဦးကို အကြမ်းဖက် PDF မှ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့တာကို မသိခဲ့လေသလား? ဒီ၂၀၀၀ ကျော် အရေအတွက်ဆိုတာ နည်းတဲ့ ပမာဏလည်း မဟုတ်ဘူး…..ဒီလိုအကြမ်းဖက်တွေကို တပ်မတော်က ဥပဒေနဲ့အညီ ချေမှုန်းတဲ့အခါမှ အသံအမျိုးမျိုးထွက်လာတာ စဉ်းတော့ စဉ်းစားစရာပဲ….