ငှက်ပျောသီးပန်ကိတ် လုပ်စားကြမယ် ချစ်တို့‌ရေ

အားလုံးပဲ မင်္ဂလာပါ…ချစ်တို့ရေ ဒီနေ့တော့ လွယ်ကူပြီး အရသာလည်းရှိတဲ့ ငှက်ပျောသီးပန်ကိတ်လေး လုပ်စားကြရအောင်
ငှက်ပျောသီး၊ ဂျုံ နဲ့ ကြက်ဥ ရှိယုံနဲ့ လူတိုင်းအလွယ်တကူလုပ်စားနိုင်မယ့် ငှက်ပျောသီး ပန်ကိတ် လုပ်ရတာ
အရမ်းလွယ်ပြီး ကလေးရော၊ လူကြီးပါ အကြိုက်တွေ့မယ့် အာဟာရပြည့် မနက်စာလေးပါ။
ငှက်ပျောသီး မှည့်မှည့်လေးနဲ့ဆိုရင် ပိုစားကောင်းပါတယ်။
လုပ်ရတာလွယ်ကူ မြန်ဆန်တာမို့ လုပ်စားကြည့်ပါရှင်။
ပါဝင်ပစ္စည်း အချိုးအစား

(၁) သီးမွှေးငှက်ပျောသီး – ၁ လုံး
(၂) ကြက်ဥ – ၃ လုံး
(၃) ထောပတ် – ၁ ဇွန်း
(၄) သကြား – ၂ ဇွန်း ၊ အချိုကြိုက်ရင် ပိုထည့်နိုင်ပါတယ်
(၅) ကိတ်ဂျုံ – ၁ ခွက် (နို့ဆီဗူး ၁ ဗူးစာပါ၊ ကိတ်ဂျုံ မရှိရင် ကြိုက်တဲ့ ဂျုံမှုန့်သုံးလို့ရပါတယ်။)
(၄) ရေ (သို့) နွားနို့ ဆန်ချိန်ခွက် ၁ ခွက်နဲ့ တစ်ဝက်
(၅) ဆားအနည်းငယ်
ကိုယ်သုံးတဲ့ ဂျုံမှုန့်အမျိုးအစားပေါ်မူတည်ပြီး ထည့်ရမယ့် ရေ အချိုးအစားအနည်းငယ် ကွာခြားမှုရှိနိုင်ပါတယ်။

လုပ်နည်းဗီဒီယိုလေးကိုလည်း ကြည့်ပြီးလိုက်လုပ်နိုင်အောင် ကူးယူဖော်ပြပေးလိုက်ပါတယ်နော်…