များပြားလှတဲ့ရန်သူကိုနောက်ဆုံးချိန်အထိ ချေမှုန်းခဲ့တဲ့ တပ်ရင်းမှူး

နမ့်ဆန်တိုက်ပွဲအတွင်း တပ်ရင်းမှူးဖြစ်သူ ဒုမှူးကြီး ငြိမ်းချမ်းဟာ တိုက်ပွဲအတွင်း မိမိတပ်ကို စွမ်းစွမ်းတမံကွပ်ကဲလျက်ရှိရာ ရန်သူများအနေဖြင့် အထိအခိုက်အကျဆုံးများနေပြီး တပ်လန်နေချိန် အင်အားအများအပြားထပ်မံဖြည့်တင်းပြီး တိုက်ခိုက်လာခဲ့သဖြင့် အပြင်းအထန်ခုခံနေခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒီလိုအချိန်မှာ လေးစားထိုက်တဲ့ တပ်ရင်းမှူးအနေနဲ့ နောက်တန်းရှိ တပ်ရေးဗိုလ်ကြီးကို ငါ့အိမ်ကို သန့်ရှင်းရေးလုပ် အသုဘအခမ်းအနား ပြင်ထားလိုက်ဆိုကာ….တပည့်တွေကိုလည်း မင်းတို့ ဆုတ်တော့ ငါနဲ့ ၃ ယောက်ခံပစ် ထားမယ်ဆိုကာ အကြမ်းဖက်သမားများအား နောက်ဆုံးအချိန်အထိခုခံတိုက်ပွဲဝင်ရင်း….နိုင်ငံတော်နဲ့တပ်မတော်အပေါ် စစ်သားကောင်းတစ်ယောက်ပီသစွာနဲ့ တပည့်တွေ အန္တရာယ်ကင်းစွာ ခွာစစ်ဆင်နိုင်ရေး ခုခံတိုက်ခိုက်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ပါတယ်။

ငါသေမှ ငါ့စခန်းရမည် ဆိုသောစကားအတိုင်း သူသေမှ နမ့်ဆန် စခန်း ကျသွားခဲ့ပါသည်။ ကျဆုံးလေပြီးသော တပ်မတော်သားအားလုံးကို ဂုဏ်ပြုပါ၏…

#တပ်ရင်းမှူး/ ဒုမှူးကြီး ငြိမ်းချမ်း