ငါန်းဇွန်မြို့နယ်တွင် PDF အကြမ်းဖက်သမားများ ဝန်ထမ်းလစာများအား ဓားပြတိုက် လုယက်ယူဆောင်

မန္တလေးတိုင်း၊ မြို့သာစက်မှုဇုန်ရှိ “De Huse Company”မှဝန်ထမ်းများအား လစာပေးထုတ်ပေးရန် YOMA Bank မှ ငွေကျပ်သိန်း ၁၇၆၀ သိန်းကျပ်ထည့်ထာ:သည့် ATM စက် ၂ လုံးနဲ့ မော်တော်ယာဉ်တစ်စီးတို့အား ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာအနီး ဒီကနေ့နံနက်ပိုင်းမှာ PDF အကြမ်းဖက် သမားများက ဓားပြတိုက် လုယက်ယူဆောင်ခဲ့တယ်လို့သိရပါတယ်။  

ဘဏ်ဝန်ထမ်း ဦးကောင်းဆက်သူနှင့် ဦးထက်ပိုင်စိုးတို့ သည်လုပ်အားခလစာများထုတ်ပေးနိုင်ရန်အတွက် စက်တစ်လုံးလျင် ငွေကျပ်သိန်း ၈၈၀ စီထည့် ထားတဲ့ ATM စက် ၂ လုံးအား ဘဏ်ယာဉ်မောင်းဖြစ်သူ ဦးသန်းဖြိုးအောင် မောင်းနှင်သည့် MDY 5R/9902 Diner Box မော်တော်ယာဉ်ပေါ်တင်ဆောင်ကာ မြို့သာ-တံတားဦးကားလမ်းအတိုင်း ထွက်ခွာလာခဲ့ရာ နံနက် ၈ နာရီခွဲအချိန် ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာအနီးအရောက်မှာ PDF အကြမ်းဖက်သမား ၆ ဦးက ဆိုင်ကယ် ၃ စီးဖြင့် လမ်းပိတ်ကာ ယာဉ်အား တားဆီးပြီး ဦးကောင်းဆက်သူ တို့ ၃ ဦးအား သေနတ်များဖြင့် ခြိမ်းခြောက်၍ ဓားပြတိုက်လုယက်သွားခဲ့သဖြင့် တရားခံများဖမ်းဆီးနိုင်ရေးဆက်လက်ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။