ဂျပန်နဲ့ပြိုင်ပွဲမှာ အကောင်းဆုံးကစားသွားမယ်ဆိုတဲ့ မောင်မောင်လွင်

ဂျပန်အသင်းက အင်အားကြီး အသင်းကောင်းတစ်သင်းဖြစ်ပြီး ကျွန်တော်တို့ကိုယ်တိုင် အားပေးနေတဲ့ နာမည်ကျော်ကစားသမားတွေ ပါဝင်နေတဲ့အသင်းပါ။ ကျွန်တော်တို့ နည်းပြမှာထားတဲ့အတိုင်း သေချာလိုက်လုပ်ပြီး ရလဒ်ကောင်းဖို့ ကြိုးစားပါမယ်။ ပြိုင်ဘက်နဲ့ ပရိသတ်ကို လေးစားမှုနဲ့ ကျွန်တော်တို့ ကစားပါမယ်။ လွန်ခဲ့တဲ့ ၂ နှစ်က (၁၀-ဝ)ဂိုးနဲ့ ဒီမှာအရေးနိမ့်ခဲ့ရပေမဲ့ အဲဒီတုန်းက အခြေအနေနဲ့ လက်ရှိအခြေအနေ မတူပါဘူး။ အဲဒီကာလမှာ ကျွန်တော်တို့ လိဂ်ပွဲတွေမကစားခဲ့ရဘဲနဲ့ ဘာပြိုင်ပွဲမှမရှိဘဲ ဂျပန်ကို ရင်ဆိုင်ရတာပါ။ အခုအချိန်မှာ ထိုင်း၊မလေးရှား၊ အင်ဒိုနီးရှားလိဂ်တွေမှာလည်း သွားရောက်ကစားနေကြသလို မြန်မာနေရှင်နယ်လိဂ်လည်း ကစားနေပါပြီ။ ကစားသမားတွေ စွမ်းဆောင်မှု အရင်ကထက် ပိုကောင်းလာပါတယ်။ ကစားဖော်တွေကိုလည်း မနက်ဖြန်မှာ သူတို့ စွမ်းဆောင်ပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် လို့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်..