ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခြင်း

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းခဲ့ရာ-
၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်ကာလအတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းသာယာဝပြောရေးအတွက်
နိုင်ငံ့တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များအား-

(၁) ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့အနေနဲ့ မဟာသရေစည်သူဘွဲ့- ၁ဦး
(၂) စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များအနေနဲ့ သီရိပျံချီဘွဲ့- ၃၂ဦး
၁၉၆၃ ခုနှစ်မှ ၁၉၈၈ ခုနှစ်ကာလအတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းသာယာဝပြောရေးအတွက်
နိုင်ငံ့တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များအား
(၁) ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့အနေနဲ့ စည်သူဘွဲ့- ၄၆ဦး
(၂) စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များအနေနဲ့ သီရိပျံချီဘွဲ့- ၅၂ဦး၊
ဇေယျကျော်ထင်ဘွဲ့- ၃ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့- ၃၅ဦးအထိ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
စာပေနှင့် အနုပညာနယ်ပယ်တွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား-
စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့အနေနဲ့ အလင်္ကာကျော်စွာဘွဲ့- ၆ဦးအထိ ချီးမြှင့်ပေးခဲ့တယ်လို့ သိရှိရပါတယ်ရှင်။
တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်အနေနဲ့ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်- ၁ဦး
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်အနေနဲ့ ရဲဗလတံဆိပ်အား
၁။ ၈၆၅၂၆၉ တပ်ကြပ်ကြီး မျိုးမင်းအောင်၏ဇနီး ဒေါ်စန်းမြင့်လေး အမှတ်(၃၃၆) ခြေမြန်တပ်ရင်း၊
၂။ ၈၇၉၇၆၆ တပ်ကြပ်ကြီး အောင်ကျော်ဝင်း၏ဇနီး ဒေါ်သန်းသန်းစိုး အမှတ်(၅၃၀) ခြေမြန်တပ်ရင်း၊
၃။ ၈၅၂၉၁၄ တပ်ကြပ် သိန်းဟန်၏ဇနီး ဒေါ်ခင်နွဲ့ အမှတ်(၃၃၆) ခြေမြန်တပ်ရင်း၊
၄။ တ-၂၄၀၁၄၄ တပ်ကြပ် ဝေယံမြင့်သူ၏ဇနီး ဒေါ်အိခိုင်အောင် အမှတ်(၅၃၀) ခြေမြန်တပ်ရင်း၊
၅။ တ-၄၃၂၈၇၂ ဒုတိယတပ်ကြပ် ကြည်ရွှေ၏ဇနီး ဒေါ်သဲသဲကျော် အမှတ်(၅၃၀) ခြေမြန်တပ်ရင်း၊
၆။ တတ-၁၂၆၂၅၂ တပ်သား ဝေလင်းထက်၏ဇနီး ဒေါဖြိုးဖြိုးဝေ အမှတ်(၅၃၀) ခြေမြန်တပ်ရင်း စသည်ဖြင့် ၂၉ ဦးအထိ ပေးအပ်ချီးမြှင့်ခဲ့ပြီး
ပညာရပ်ဆိုင်ရာထူးချွန်တံဆိပ်များ အနေနဲ့ နည်းပညာထူးချွန်တံဆိပ်(ဒုတိယဆင့်) ၁ဦး၊ နည်းပညာထူးချွန်တံဆိပ်(တတိယဆင့်) ၂ဦးအထိ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်ရှင်။