ချဲလ်ဆီးအသင်းသို့ မော်ရင်ဟို ပြန်လာနိုင်

ဖေဖော်ဝါရီ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းဆီကို တတိယအကြိမ်မြောက် ပြန်ရောက်လာဖွယ်ရှိတယ် လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ချဲလ်ဆီးအသင်းရဲ့ လက်ရှိနည်းပြ ပိုချက်တီနိုလက်ထက်မှာ အသင်းက တည်ငြိမ်မှု ပျောက်ဆုံးနေသလို ရလဒ်တွေကလည်း ကျေနပ်စရာ မဟုတ်တဲ့အတွက် ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယခုရာသီတွင် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၂၃) အပြီးတွင် ရမှတ် (၃၁)မှတ်ဖြင့် အဆင့် (၁၁) နေရာအထိ ရောက်ရှိနေကာ အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ် (၅၁ မှတ်)နှင့် (၂၀) မှတ်အထိ ကွာဟနေသလို၊ အဆင့် (၄) နေရာမှ အက်စတွန်ဗီလာ (၄၆ မှတ်)နှင့်ပင် (၁၅) မှတ်အထိကွာဟနေပါတယ်။

အိမ်ကွင်းမှာ ဝုဗ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ချဲလ်ဆီးပရိသတ်တွေဟာ မော်ရင်ဟိုနာမည်ကို အော်ဟစ်ပြီး သူတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ခဲ့ကြသလို ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေအနေနဲ့လည်း ပိုချက်တီနိုအပေါ် စိတ်ရှည်မှု ကုန်ဆုံး သလောက် ဖြစ်နေပြီလို့ သတင်းတွေက ဆိုပါတယ်။

မော်ရင်ဟိုကလည်း လက်ရှိမှာ ရိုးမားအသင်းနဲ့လမ်းခွဲ ပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေသလို မော်ရင်ဟိုရဲ့ ဇနီးနဲ့ ကလေးတွေကလည်း အခုချိန်ထိ လန်ဒန်မှာ နေထိုင်နေဆဲဖြစ်တာကြောင့် အင်္ဂလန်ကို မော်ရင်ဟို ပြန်ရောက်လာဖို့ နီးစပ်နေတယ်ဆိုပြီး ရေးသားနေကြပါတယ်။

မော်ရင်ဟိုက ချယ်လ်ဆီးအသင်းကို ၂၀၀၃ မှ ၂၀၀၇ အထိ၊ ၂၀၁၃ မှ ၂၀၁၅ အထိ နှစ်ကြိမ်ကိုင်တွယ်ဖူးပြီး ပရီးမီးယားလိဂ် (၃) ကြိမ်အပါအဝင် ဖလား (၈)လုံးအထိ ရယူပေးခဲ့ပြီး အသင်းသမိုင်းတွင် အအောင်မြင်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ထားပါတယ်။