ကွန်ဟိန်းမြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့များအား တွေ့ဆုံထောက်ပံ့

နိုဝင်ဘာလ ၂၅ ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက ကွန်ဟိန်းမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

တိုင်းမှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။