အေးချမ်းမှုကိုလိုလားတဲ့ ဒေသမှာ PDF တို့ရဲ့ အဖြစ်ဆိုး

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ သရက်စမ်းကျေးရွာ၏ အနောက်ဘက်ရှိ သစ်တောကြိုးဝိုင်းအတွင်း၌ အခြေပြုထားသော PDF အမည်ခံ အကြမ်းဖက်စခန်းတစ်ခုကို လုံခြုံရေးတပ်ဖွဲ့က ပြီးခဲ့သည့် သြဂုတ် ၁၅ ရက်က ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းရှင်းလင်းမှုအတွင်း အကြမ်းဖက် PDF( ၂၀)ဦးခန့်ဖြင့် ထိတွေတိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

အဆိုပါထိတွေ့မှုအတွင်း PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦး သေဆုံးခဲ့ပြီး လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့ပါသည်။