ကောလင်းတိုက်ပွဲတွင် KIA/PDF တပ်ရင်း(၁)မှ တပ်ရင်းမှူးအဆင့်ရှိသူတစ်ဦးအပါအဝင် ၉ ဦးသေဆုံး

အကြမ်းဖက် NUG ရဲ့ ဝန်ကြီးဆိုသူ ဒေါက်တာတူးခေါင် (ခ) ခလင်တူးခေါင်ရဲ့ တူတော်စပ်သူ ဒါဝိ(ခ)မိုးကြိုးဆိုသူဟာ ဧပြီလ ၂၇ ရက်နေ့ နံနက် ၄နာရီ အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြိုနယ်၊ နှောကုန်းကျေးရွာနဲ့ ပေပင်ချောင်ကျေးရွာကြားမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်းသိရပါတယ်.။ ၎င်းဟာ KIA/PDF တပ်ရင်း(၁)မှ တပ်ရင်းမှူးအဆင့်ရှိသူတစ်ဦးဖြစ်တယ်လို သိရပြီးအဆိုပါတိုက်ပွဲအတွင်းမှာ ဒါဝိ (ခ) မိုးကြိုးအပါအဝင် PDF အကြမ်းဖက် ၉ ဦး သေဆုံခဲ့ကြောင်း သိရပါတယ်။