ကောင်းစံ-နန့်မော်လမ်းပေါ်၌ မသင်္ကာဖွယ် လူ ၁ ဦးအား ပစ်ခတ်ဖမ်းဆီး

နိုဝင်ဘာလ ၂၀ ရက်
ရှမ်းပြည်(မြောက်ပိုင်း) ကောင်းစံ-နန့်မော်လမ်းပေါ်၌
ဆိုင်ကယ်မောင်းနှင်လာသည့် မသင်္ကာဖွယ်အမျိုးသားတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိ၍ စစ်ဆေးရန် ရပ်တန့်ခိုင်းသော်လည်း
ရပ်တန့်ခြင်းမရှိဘဲ သေနတ်ဖြင့် ပစ်ခတ်ပြီး ဆက်လက်မောင်းနှင် ထွက်ပြေးသွားတဲ့အတွက် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ-
၎င်းအမျိုးသားကို ISSC M-22 ပစ္စတို ၁ လက်
ကျည် ၅ တောင့်
ကျည်အိမ် ၁ ခု
ဆိုင်ကယ် ၁ စီးတို့နှင့်အတူ အသေဖမ်းဆီးရခဲ့ဟု သိရှိရပါတယ်…