ကုမ္ပဏီ ၃ ခုတို့က တင်သွင်းလာသည့် လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီ ၃ ခုတို့က တင်သွင်းလာသည့် လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းဖော်ပြမှုအရ သိရသည်။

Innogen Myanmar Co., Ltd. က တရုတ်နိုင်ငံထုတ် GAC Toyota BZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များကို တင်သွင်းလာခြင်းဖြစ်ပြီး Essential Motor Co., Ltd. က တရုတ်နိုင်ငံထုတ် BYD Atto3 EV အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များကို တင်သွင်းလာခြင်းဖြစ်သည်။

အလားတူ Chin Dwin Shan Construction Co., Ltd. က တင်သွင်းလာသော Faw Toyota bZ4X အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များလည်း ပါဝင်ခဲ့ကြောင်း သိရသော်လည်း အရေအတွက်ကို ဖော်ပြထားခြင်းမရှိဘဲ ယင်းမော်တော်ယာဥ်များကို ဒီဇင်ဘာ ၈ ရက်နေ့က လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းသာ ဖော်ပြထားသည်။