လွတ်လပ်ရေးနေ့ရခိုင်ပြည်ကိုယ်စား ယှဉ်ပြိုင်သူများအား ဂုဏ်ပြုပွဲ ပြုလုပ်

ညနေပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ ဧည့်ဂေဟာရှေ့မြက်ခင်းပြင်၌ ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ရခိုင်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ရခိုင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့၏ ရိုးရာယိမ်းအကများ၊ တေးသီချင်းအဆို အကများ၊ မြန်မာ့သိုင်းသရုပ်ဖော်ပြသခြင်းများအား ကြည့်ရှုအားပေးကြပြီး ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့တယ်လို့သိရပါတယ်။