မြန်မာ- လာအို ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်

၂၀၁၅ ခုနှစ်၊ မေလ ၉ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ရှမ်းပြည်နယ်( အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့မှာရှိတဲ့ မြန်မာ- လာအို ချစ်ကြည်ရေးတံတားကို ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှာတော့ ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန်ပွားမူကို ထိန်းချုပ်ဖို့အတွက် ၃ နှစ်ကျော်ကြာအောင် ယာယီပိတ်ထားခဲ့ရာကနေ ယနေ့ ဇန်နဝါရီ ၂၅ ရက်၊ မနက် ၁၀ နာရီကျော်အချိန်ခန့်မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။