ဇန်နဝါရီလ ၂၄ ရက်နေ့တိုက်ပွဲသတင်းများ

-ကယားပြည်နယ် ဖယ်ခုံမြို့နယ်  စကခ(၇) အနောက်မြောက်ဘက်၌ လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား KNDF နှင့် PDF ပူးပေါင်းအင်အား ၇၀ ဦးခန့်က ၂ ကြိမ်၊ အင်အား ၅၀ ဦးခန့်က ၁ ကြိမ် လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များနှင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

-ရခိုင်ပြည်နယ် ကျောက်တော်မြို့ ခမရ(၃၇၅) သို့ နေရာ ၃ နေရာမှ AA သောင်းကျန်းသူ ၁၂၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များနှင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

-ရခိုင်ပြည်နယ် ရမ်းဗြဲမြို့၊ အောင်ဓမ္မဗိမ္မာန်သို့ AA သောင်းကျန်းသူ ၁၃၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

-စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် PDF အကြမ်းဖက်သူ အင်အား ၃၀ ဦးခန့်က ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ PDF များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း ဘီအေ(၆၃) ကျည်အိမ် ၂ ခု၊ လက်လုပ် ၄၀ မမဗုံးသီး ၂ လုံး၊ ဆိုင်ကယ် ၄ စီး သိမ်းဆည်းရမိခဲ့။

-စစ်ကိုင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ်  ရွာမကျေးရွာ အနောက်မြောက်ဘက်သို့အရောက် PDF ၂၀ ဦးခန့်က ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ PDF အကြမ်းဖက်များ ဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်အတွင်း PDF ၄ လောင်း၊ လက်လုပ်သေနတ်မျိုးစုံ ၅ လက်၊ လက်လုပ်ကျည်အိမ် ၅ ခု၊ ကျည်မျိုးစုံ ၁၄၄ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၆ လုံး၊ မှန်ပြောင်း ၁ လက် သိမ်းဆည်းရမိခဲ့။